play

 

တနင်္ဂနွေညက လော့စ်အန်ဂျလိစ်လေဆိပ်မှာ ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာလို့ လူတွေရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။ ရဲတွေကလည်း လေဆိပ်ထဲကပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြရပြီး လူတွေထိတ်လန့်တကြားဖြစ်ခဲ့ရပေမဲ့ ပစ်ခတ်မှုဟာ တကယ်ဖြစ်ခဲ့တာမဟုတ်ဘဲ မှားယွင်းတဲ့သတင်းလက်ခံရရှိခဲ့တာသာဖြစ်ပါတယ်။

play

 

ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာချိန်မှာပဲ လေဆိပ်ထဲက ဝတ်ရုံနက်နဲ့လူတစ်ဦးကို ရဲခြောက်ဦးက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ လူစွမ်းကောင်းဇောရိုးပုံစံ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဦးထုပ်အနက်ရောင်၊ ဝတ်ရုံအနက်နဲ့ ပလတ်စတစ်ဓားတစ်လက်ကိုတောင် ကိုင်ထားလိုက်ပါသေးတယ်။ ပစ်ခတ်မှုသတင်းကလည်း Terminal ၄၊ ၇ နဲ့ ၉ တို့မှာဖြစ်ပွားတယ်လို့ သတင်းလက်ခံရရှိချိန် အဆိုပါအမျိုးသားကလည်း Terminal ၇ မှာ လူစွမ်းကောင်းဝတ်စုံနဲ့လျှောက်သွားမိတော့ အဖမ်းခံလိုက်ရတာပါ။

play

 

ရဲတွေက ယင်းအမျိုးသားကို အင်အားသုံးဖမ်းဆီးခဲ့တဲ့အပြင် ကြမ်းပြင်ပေါ်မှာပါ ပြားပြားဝပ်မှောက်ထားခိုင်းခဲ့ပါတယ်။ ဓားက ပလတ်စတစ်ဓားဖြစ်နေပြီး အန္တရာယ်ပြုစေတဲ့အရာတွေ တစ်ခုမှမတွေ့ခဲ့ပါဘူး။ ပစ်ခတ်မှုသတင်းကလည်း သတင်းမှားကြီးဖြစ်နေခဲ့ပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video