AD
AD
AD
play


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ တူရကီနဲ့ ကာဒစ်လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ တိုက်ခိုက်မှုများကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။

play


ယခု တိုက်ပွဲများဖြစ်နေတဲ့ နေရာဒေသမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အခြေစိုက်ရာနေရာ မဟုတ်ဘဲ တိုက်ခိုက်နေမှုမှာ အလွန်အမင်း စိုးရိမ်စရာဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။ တူရကီတပ်ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်ကာ အကြမ်းဖက်သမားများဖြစ်ကြောင်း ၎င်းတို့ သတ်မှတ်ထားတဲ့ ကာဒစ်လက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

play


တူရကီနိုင်ငံရဲ့ ယခု တိုက်ခိုက်မှုတွေဟာ ဆီးရီးယားပိုင်နယ်နယ်မြေကို သိမ်းပိုက်ချင်တာကြောင့်ဖြစ်ကြောင်း ကာဒစ်အုပ်စုက ပြောပါတယ်။ တူရကီအစိုးရကတော့ ၎င်းရဲ့ နယ်စပ်မှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ်နဲ့ ကာဒစ် နှစ်ဖွဲ့လုံးကို နယ်စပ်ဒေသမှ တိုက်ထုတ်နေခြင်းဖြစ်ကြောင်း ပြောထားပါတယ်။

နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာဒစ်သူပုန်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်းလည်း တူရကီအစိုးရက စွပ်စွဲထားပြီး ကာဒစ်ခွဲထွက်ရေး လက်နက်ကိုင်အုပ်စုကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း အရပ်သား ၃၅ ဦးနဲ့ ကာဒစ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ တူရကီစစ်တပ်ကမူ တိုက်ပွဲများအတွင်း ကာဒစ်လက်နက်ကိုင် ၂၅ ဦး သေဆုံးကြောင်း ပြောကြားခဲ့ကာ သတင်းများ ကွဲလွဲလျက်ရှိပါတယ်။
Source & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD