AD
AD
AD
play


ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် လေကြောင်းခရီးစဉ် ၁၁၀ ကို ဖျက်သိမ်းခဲ့ရပြီး ဒေသခံများကို ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း လိုင်းယွန်းရော့ခ် (Lionrock) ဟာ လွန်ခဲတဲ့ ၅ နှစ်က ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် ဆိုးရွားစွာ ထိခိုက်ခံခဲ့ရတဲ့ ကမ်းရိုးတန်းဒေသကို ချဉ်းကပ်လာနေကြောင်း သိရပါတယ်။

play


လက်ရှိမှာ တိုင်ဖွန်းမုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် တိုက်ခတ်နေပြီး မြောက်ဘက်ကို ဆက်လက် ရွေ့လျားကာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၉ မိုင်အထိ ရောက်ရှိနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

play


မုန်တိုင်းကြောင့် ဂျပန်အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၀ ရက်) နံနက်ပိုင်းမှာ မိုးရေချိန် ၁၄ လက်မအထိ ရွာသွန်းနိုင်ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။ လိုင်းယွန်းရော့ခ် တိုင်ဖွန်းမုန်တိုင်းမှာ ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားနိုင်ကြောင်း သိရပါတယ်။
Source & Photo: NHK, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD