play

 

အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦးနဲ့ တစ်ညတာ အတူအိပ်ခဲ့မိတဲ့ ဆရာမတစ်ဦးဟာ စွဲချက်တင် ခံထားရပြီး အလုပ်ကလည်း နုတ်ထွက်လိုက်ရကြောင်း သိရပါတယ်။

စကော့တလန်က ကျောင်းတစ်ကျောင်းမှာ ပြင်သစ်ဘာသာ သင်ကြားတဲ့ အဆိုပါဆရာမဟာ အသက် ၂၈ နှစ်အရွယ် အစ္စဘဲလ် ဆိုသူဖြစ်ပြီး ကျောင်းနောက်ဆုံးနေ့ညမှာ ကျောင်းသားတစ်ဦးနဲ့အတူ ဟိုတယ်ကို ရောက်လာမိခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်ကို ပေါက်ကြားလာတဲ့ ဓာတ်ပုံအရ ရွှေရောင်ဆံပင်နဲ့ ဆရာမဟာ အိပ်ယာပေါ် လှဲနေခဲ့ပြီး အခန်းဝမှာ ကျောင်းသာက မတ်တပ်ရပ်နေခဲ့တာဖြစ်ပါတယ်။

play
ခင်ပွန်းဖြစ်သူနှင့် တွေ့ရသည့် ဆရာမ

 

ဒါပေမယ့် အဆိုပါဆရာမရဲ့ထွက်ဆိုချက်အရ သူမဟာ အဲဒီညမှာ ဆေးခတ်ခံခဲ့ရတာဖြစ်ကြောင်း ကာကွယ်ပြောကြားထားပါတယ်။ သူမဟာ ဝိုင်လေးပုလင်းသောက်ပြီးနောက်ပိုင်း ဘာကို မမှတ်မိခဲ့ဘူးလို့ ဆိုပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် ဒီဓာတ်ပုံဟာ သူမသိအောင် ရိုက်ထားခဲ့တာဖြစ်ကြောင်း ထင်ရှားတယ်လို့ အဆိုပါ ဆရာမက ပြောပါတယ်။ ဆရာမ အစ္စဘဲလ်ဟာ လက်ထပ်ထားသူတစ်ဦးဖြစ်ပြီး သူမရဲ့အမျိုးသားဖြစ်သူကလည်း သူမထွက်ဆိုချက်ကို အပြည့်အဝ ထောက်ခံထားပါတယ်။

play

 

အထွေထွေသင်ကြားတက်မြောက်ရေးကော်စီ(စကော့တလန်)က သူမရဲ့ အလုပ်နဲ့ပတ်သတ်တဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video