AD
AD
AD
play

 

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်က တက္ကသိုလ်ကျောင်းသူတစ်ဦးကို တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ လူမသိသူမသိ ကလေးမွေးပြီး ကလေးကိုသေအောင် ပစ်ထားခဲ့လို့ပါ။

play

 

အီမိုင်းဟာ အိုဟိုင်းယိုးက Muskingum တက္ကသိုလ်မှာ ကျောင်းတက်နေစဉ် အချစ်နယ်ကျွံရာက ကိုယ်ဝန်ရသွားခဲ့ပါတယ်။ ကိုယ်အလေးချိန်တက်လာတဲ့သူမကို လူတွေက အမျိုးမျိုးပြောနေတာတွေကို ငြင်းဆိုပြီး ကိုယ်ဝန်ကိုဖုံးကွယ်ထားခဲ့ပါတယ်။ ကိုယ်ဝန်ရင့်လာချိန်မှာတော့ အဆောင်က ရေချိုးခန်းထဲမှာ ကလေးကိုခိုးမွေးခဲ့ပြီး ပစ်ထားခဲ့တာဖြစ်ပါတယ်။ အခြားလူတွေက ကလေးကိုတွေ့ချိန်မှာ မွေးကင်းစရင်သွေးကသေဆုံးနေပြီးသားဖြစ်နေပါတယ်။

အီမိုင်းဟာ သူမရဲ့ပြစ်မှုကို အမျိုးမျိုးဖုံးကွယ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေအရ သူမရဲ့ပြစ်မှုဟာ ပေါ်လွင်ထင်ရှားတာကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD