play

 

ကယ်လီဖိုးနီးယားပြည်နယ် အပ်လန်းက အသက် ၅၉ နှစ်အရွယ် အမျိုးသားကို သက်ငယ်မုဒိမ်းမှုနဲ့ တရားရုံးက ထောင်ဒဏ် ၁၀၆ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မာရီယိုဟာနန်ဒက်ဇ်ဆိုသူဟာ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ဆွေမျိုးနီးစပ်သူ အသက် သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တာပါ။ ကလေးကို အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တဲ့အပြင် တခြားလူတွေကိုမပြောပြဖို့ မုဒိမ်းကျင့်ခံရတဲ့ကလေးနဲ့ ကလေးရဲ့အစ်ကိုကို ခြိမ်းခြောက်ခဲ့ပါတယ်။

ကလေးရဲ့အသက် ၁၀ နှစ်ရောက်မှ ကျောင်းကသူငယ်ချင်းတွေကို ပြောပြရာကတစ်ဆင့် မာရီယိုဟာနန်ဒက်ဇ်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video