International News: တူရကီမှာ အကျဉ်းသားသုံးသောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေး

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က သမ္မတအာဒိုဂန်အစိုးရရဲ့ယခုလိုပြုမှုနေမှုတွေဟာ နိုင်ငံတကာဥပဒေနဲ့မညီကြောင်း သတိပေးခဲ့ပါတယ်။

play

 

တူရကီနိုင်ငံမှာ အကျဉ်းသားပေါင်း ၃၄,၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေလွှတ်ပေးလိုက်တယ်လို့ တရားရေးရာဝန်ကြီးက ကြေညာလိုက်ပါတယ်။

play

 

တူရကီအစိုးရက နိုင်ငံရေးနယ်ပယ်ထဲကလူတွေကို ဖယ်ရှားရှင်းလင်းမှုနဲ့ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ရဲ့ သတိပေးမှုတွေမြင့်တက်လာပြီးနောက်မှာ ခုလိုလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ တူရကီမှာဖြစ်ခဲ့တဲ့ ဇူလိုင် ၁၅ ရက် မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ စစ်ဘက်ဆိုင်ရာနဲ့ အစိုးရအရာရှိများကို သမ္မတအာဒိုဂန်အစိုးရက ဖယ်ရှားရှင်းလင်းမှုတွေ ပြုလုပ်နေခဲ့တာပါ။

play

 

ဇူလိုင် ၁၅ ရက်နောက်ပိုင်းကစပြီး လူပေါင်း ၄၀,၀၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့တယ်လို့ ဝန်ကြီးချုပ် ဘိုင်နာလီ ယီလ်ဒီရင်မ်က အတည်ပြုပါတယ်။ သတင်းဌာန ၁၃၀ ကျော်နဲ့ သတင်းထောက်ပေါင်းများစွာကိုလည်း ဖမ်းဆီးအကျဉ်းချကာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အကျဉ်းချခံခဲ့ရသူတွေက ပြန်ပြောပြပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ