International News: မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်စမ်းသပ်မှု မအောင်မြင်

ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခြင်းမှာ သီတင်းတစ်ပတ် မပြည့်မီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းလည်း တောင်ကိုရီးယားက ဆိုပါတယ်။

  play


မြောက်ကိုရီးယားနိုင်ငံရဲ့ တာလတ်ပစ်ဒုံးကျည် စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။ ယခုတစ်ကြိမ် ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခြင်းမှာ သီတင်းတစ်ပတ် မပြည့်မီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းလည်း တောင်ကိုရီးယားက ဆိုပါတယ်။

play


မြောက်ကိုရီးယားဟာ ယခု တာလတ်ပစ်ဒုံးးကျည် မစမ်းသပ်မီ အကွာအဝေး မိုင် ၂,၅၀၀ အထိ ရောက်ရှိနိုင်တဲ့ မူဆူဒန် ဒုံးကျည်ကိုလည်း အစောပိုင်းက စမ်းသပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ မူဆူဒန် ဒုံးကျည်ဟာ အမေရိကန် စစ်အခြေစိုက်စခန်း တည်ရှိရာ ဂူအမ်ကျွန်းအထိ ရောက်ရှိပစ်ခတ်နိုင်ပါတယ်။

play


အဆိုပါ ဒုံးကျည်ကို မြောက်ကိုရီးယားက ယခုနှစ်အတွင်း ၈ ကြိမ်အထိ စမ်းသပ်ခဲ့ပေမဲ့ တစ်ကြိမ်သာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်လက်နက်ရေးရာ ကျွမ်းကျင်သူတွေကတော့ အစောဆုံး အနေနဲ့ လာမယ့်နှစ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ မူဆူဒန် ဒုံးကျည်ကို အောာင်မြင်စွာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။

play


မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို အမေရိကန်က ရှုတ်ချလိုက်ပြီး ရန်စမှုတွေ ပိုမိုလုပ်ဆောင်လာခြင်းအဖြစ် ပြောကြားပါတယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အစီအစဉ်များ လုပ်ဆောင်မှုကို ပိတ်ပင်ထားပါတယ်။
Source & Photo: BBC, AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ