International News: အိုင်အက်စ်ထံမှ မိုဆူးလ်မြို့ပြန်သိမ်းသည့်တိုက်ပွဲ စီစဉ်ထားမှုထက် ပိုမိုမြန်ဆန်ဟုဆို

အိုင်အက်စ်တို့က မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး အဆိုပါ မြို့ဟာ အီရတ်ရှိ အိုင်အက်စ်တို့ အခိုင်အမာ ခြေကုပ်ရယူထားတဲ့ နောက်ဆုံးလက်ကျန် အဓိက မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို ပြန်လည် သိမ်းပိုက်သည့် စစ်ဆင်ရေးမှာ မူလစီစဉ်ထားသည်ထက် ပိုမိုမြန်ဆန်စွာ အောင်ပွဲရနေကြောင်း အီရတ်ဝန်ကြီးချုပ်က ပြောပါတယ်။ အီရတ်နဲ့ ကာဒစ် တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေးဟာ စုစည်းညီညွတ်မှုကို ပြသရာရောက်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

play


မိုဆူးလ်မြို့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ ကာဒစ်တပ်ဖွဲ့တွေက အိုင်အက်စ်တို့ကို အကြီးအကျယ် စစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ်ရဲ့ မိုဆူးလ်မြို့သိမ်းတိုက်ပွဲအပေါ် မှတ်ချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အီရတ်စစ်တပ်က မိုဆူးလ်ရဲ့ တောင်ဘက်ကို ထိုးဖောက်တိုက်ခိုက်နေပြီး အထူးတပ်ဖွဲ့များပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။

play


အိုင်အက်စ်တို့က မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး အဆိုပါ မြို့ဟာ အီရတ်ရှိ အိုင်အက်စ်တို့ အခိုင်အမာ ခြေကုပ်ရယူထားတဲ့ နောက်ဆုံးလက်ကျန် အဓိက မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ မိုးဆူးလ်မြို့ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲကို တနင်္လာနေ့ (အောက်တိုဘာ ၁၇ ရက်) က စတင်ခဲ့ပြီး မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

play


မြို့ခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ မိုဆူးလ်မှာ အရပ်သား ၁.၅ သန်းအထိ ရှိနေဆဲဖြစ်ပြီး အိုင်အက်စ်တို့က လူသားဒိုင်းအဖြစ် အသုံးချနိုင်ကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ သတင်းများအရ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်အချို့ မိုဆူးလ်မှ ထွက်ပြေးသွားခဲ့ကြောင်းနဲ့ မြို့အတွင်းမှာ အိုက်အက်စ် တိုက်ခိုက်ရေးသမား ၅,၀၀၀ အထိ ရှိနိုင်ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ