International News: မြေယာပိုင်ဆိုင်မှုအတွက် အဆိပ်သောက်ဆန္ဒပြတဲ့ အိန္ဒိယ ဇာတ်နိမ့်အမျိုးသား သေဆုံး

အိန္ဒိယမှာ ဇာတ်နိမ့်မျိုးနွယ်များ အနေနဲ့ မြေယာပိုင်ဆိုင်နိုင်ခွင့် အပါအဝင် အခွင့်အရေးများ တန်းတူရရှိရေး တောင်းဆိုလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခဲ့ပါတယ်။

play


အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ မြေယာပိုင်ဆိုင်ခွင့် ဆန္ဒပြမှုအတွင်း ဇာတ်နိမ့်အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ် ဂျူနာဂတ်ဒ်မှာ ယခုသီတင်းပတ် အစောပိုင်းက မြေယာပိုင်ဆိုင်ခွင့်ရရေးအတွက် ဆန္ဒပြတဲ့ ဇာတ်နိမ့်အမျိုးသားသုံးဦးဟာ အဆိပ်သောက် သတ်သေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိပ်သောက် ဆန္ဒပြခဲ့တဲ့ ဇာတ်နိမ်အမျိုးသားသုံးဦးအနက် ပါဘတ်ပါမာ အမည်ရှိ အမျိုးသားမှာ သေဆုံးခဲ့ပြီး အခြားနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရာ အခြေအနေ တည်ငြိမ်မှုရှိကြောင်း သိရပါတယ်။

အိန္ဒိယမှာ ဇာတ်နိမ့်မျိုးနွယ်များ အနေနဲ့ မြေယာပိုင်ဆိုင်နိုင်ခွင့် အပါအဝင် အခွင့်အရေးများ တန်းတူရရှိရေး တောင်းဆိုလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: Reuters, Google

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ