International News: ဆန္ဒပြလူအုပ်ကို ကားဖြင့်ဝင်တိုက်မှုအဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်ရဲများ ရာထူးမှဆိုင်းငံ့ခံရ

ဆန္ဒပြလူအုပ်ကို ရဲကားဖြင့်ဝင်တိုက်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၃၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အမေရိကန်သံရုံးရှေ့ ဆန္ဒပြလူအုပ်ကို ရဲကားဖြင့်ဝင်တိုက်ခဲ့ပြီးနောက် အဓိကရုဏ်း ဖြစ်ရပ်အတွင်း ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးမှ ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

play


သမ္မတဒူတာတေးကို ထောက်ခံပြီး အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့အရာရှိ ၉ ဦးနဲ့ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၄၀ ကို ဖိလစ်ပိုင်ရဲချုပ်က ရာထူးမှဆိုင်းငံ့လိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၀ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

play


အောက်တိုဘာ ၁၉ ရက်က ဆန္ဒပြလူအုပ်ကို ရဲကားဖြင့်ဝင်တိုက်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၃၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ယခု ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ရာထူးမှဆိုင်းငံ့ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပုံမှန်လစာကိုတော့ ရရှိနေမယ်လို့ ဆိုပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ