International News: အမေရိကန်နှင့် ဖိလစ်ပိုင် သီးခြားစီ ဖြစ်သွားပြီဟု သမ္မတ ဒူတာတေး ကြေညာ

တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒီလိုကြေညာလိုက်တာပါ။

play

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်နဲ့ သီးခြားစီ ဖြစ်သွားပြီလို့ ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း အခုထက်ပိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်ရဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုကို ရပ်တန့်ရုံသာမက စီးပွားရေးကိစ္စတွေမှာလည်း အမေရိကန် ဆုံးရှုံးသွားပြီလို့ ပေကျင်းကို ရောက်နေတဲ့ သမ္မတဒူတာတေးက ကြေညာပါတယ်။ ဒါတင်မဟုတ်ဘဲ နှစ်နိုင်ငံ လူအချင်းချင်း လူမှုဆက်ဆံရေးပါ ပြတ်တောက်နိုင်ဖွယ်ရှိတယ်လို့ ဆိုခဲ့တာပါ။

" အမေရိကန်ထံကနေ ကျွန်တော်ခွဲထွက်ကြောင်း ဒီနေရာမှာပဲ ကြေညာပါတယ်" လို့ သမ္မတ ဒူတာတေး ကပြောပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်ဟာ အငြင်းပွားစရာများစွာရှိနေတဲ့ တောင်တရုတ်ပင်လယ်အရေးကိုလည်း ဆွေးနွေးသွားမယ်လို့ သမ္မတ နှစ်ဦးတွေ့ဆုံပွဲက သဘောတူခဲ့ပါသေးတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ