International News: ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၂ ဦးသေပြီး ဟောင်ကောင်ကို ဆက်လက်ဦးတည်

စူပါတိုင်ဖွန်း ဟေမာက ဖိလစ်ပိုင်ကုန်းတွင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံကို သုံးနှစ်အတွင်း အားအကောင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း ဟေမာ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး စပါးနဲ့ပြောင်းဖူးစိုက်ခင်း မြောက်မြားစွာ ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၂၁ ရက်) ပြောပါတယ်။ တိုင်ဖွန်းဟေမာဟာ ဟောင်ကောင်ကို ဆက်လက် ဦးတည်နေကြောင်းလည်း သိရပါတယ်။

play


မုန်တိုင်းကြောင့် အခြေခံအဆောက်အအုံနဲ့ စိုက်ခင်းများ ပျက်စီးမှုအခြေအနေကို စာရင်းကောက်ယူနေကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက ဆိုပါတယ်။ လတ်တလော အချက်အလက်များအရ ဖိလစ်ပိုင်မြောက်ပိုင်းရှိ စိုက်ပျိုးမြေဧရိယာ ဟက်တာ ထောင်နဲ့ချီပြီး ပျက်စီးခဲ့ကြောင်း အတည်ပြုထားပါတယ်။

play


စူပါတိုင်ဖွန်း ဟေမာက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉ ရက်) မှာ ဖိလစ်ပိုင်ကုန်းတွင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်းဖွန်းဟေမာဟာ ဟောင်ကောင်ကို ယနေ့မွန်းလွဲပိုင်းမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Source & Photo: AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ