International News: ဂျပန်အနောက်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်

ငလျင်လှုပ်ခတ်ရာ ဒေသအတွင်း ကျည်ဆန်ရထား ပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားခဲ့ရပြီး နေအိမ်ပေါင်း ၄၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

play

 

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၆.၂ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု ယနေ့ (အောက်တိုဘာ ၂၁ ရက်) လှုပ်ခတ်ခဲ့ကြောင်းနဲ့ ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ရခြင်း မရှိကြောင်း သိရပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကျော်မှာ တော့တိုရီစီရင်စုမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း US Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

USGS က အစောပိုင်းမှာ ငလျင်ပြင်းအားကို ၆.၆ အဖြစ် ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ လျှော့ချခဲ့တာ ဖြစ်ပါတယ်။ NHK သတင်းဌာနရဲ့ ဖော်ပြမှုအရ ယူရီဟာမာမြို့မှာ အိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သတင်းရရှိတယ်လို့ ဆိုပါတယ်။ တော့တိုရီစီရင်စုရဲ့ အခြားနေရာမှာ မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။

ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုမှာ ငလျင်လှုပ်ခတ်ရာဒေသအတွင်း လှုပ်ရမ်းနေမှုများကို မြင်တွေ့ရပါတယ်။ ငလျင်လှုပ်ခတ်ရာ ဒေသအတွင်း ကျည်ဆန်ရထား ပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားခဲ့ရပြီး နေအိမ်ပေါင်း ၄၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ NHK သတင်းရဲ့ ဖော်ပြမှုအရ ငလျင်လှုပ်ခတ်ရာ ဒေသတွင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
Source & Photo: USGS, NHK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ