International News: လူသားစား ကျားမကို ရက် ၄၀ ကျော်ကြာရှာဖွေပြီး အသေပစ်ခတ်ဖမ်းဆီးခဲ့ရ

နည်းပညာ အကူအညီများ အပါအဝင် ကျားတစ်ကောင်ကို ရှာဖွေမှုဟာ အခုလို ကျယ်ပြန့်စွာ ရှာဖွေရမှုဟာ ပထမဆုံးအကြိမ်လို့လည်း ဆိုပါတယ်။

play


အိန္ဒိယနိုင်ငံမှာ အမျိုးသားတစ်ဦးကို ကိုက်သတ်စားခဲ့တဲ့ ကျားမတစ်ကောင်ကို သီတင်းခြောက်ပတ်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကျားဟာ အိန္ဒိယမြောက်ပိုင်း အူတာရတ်ခန်ပြည်နယ်မှာ လူနှစ်ဦးကို ကိုက်သတ်ခဲ့ပြီး ၎င်းရဲ့တိုက်ခိုက်မှုကြောင့် အခြား လူငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ကျားအန္တရာယ်ကြောင့် လယ်သမားတွေဟာ စိုက်ခင်းများမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းမှုတွေ မလုပ်ရဲခဲ့ကြကြောင်း သိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကျားကောင်ရေ အများဆုံးရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကျားမ သောင်းကျန်းရာဒေသမှာ နေထိုင်သူတွေက ရှာဖွေနှိမ်နင်းပေးရန် အူတာရတ်ခန်ပြည်နယ် တာဝန်ရှိသူတွေကို အကူအညီတောင်းခံခဲ့ပြီး ကျားမဟာ အလွန် အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့ကြပါတယ်။

play


အဆိုပါ ကျားမကို ရဟတ်ယာဉ်များ၊ ဒရုန်းများနဲ့ အပူလှိုင်းဖြင့်ပုံဖော် ထောက်လှမ်းမှုများ အသုံးပြုပြီး ရက်သတ္တပတ် ခြောက်ပတ်ကြာ ရှာဖွေခဲ့ရပါတယ်။ ဒါ့အပြင် ကင်မရာထောင်ချောက် ၅၀ ကျော်ကိုလည်း အသုံးပြုခဲ့ရပါသေးတယ်။ နည်းပညာ အကူအညီများ အပါအဝင် ကျားတစ်ကောင်ကို ရှာဖွေမှုဟာ အခုလို ကျယ်ပြန့်စွာ ရှာဖွေရမှုဟာ ပထမဆုံးအကြိမ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အန္တရာယ်ရှိနေတဲ့ ကျားမကို ကြာသပတေးနေ့ (အောက်တိုဘာ ၂၀ ရက်) နံနက်ပိုင်းမှာ တည်နေရာ သိရှိနိုင်ခဲ့ပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ကျားမ သောင်းကျန်းခဲ့ရာ ဒေသရှိ ရွာသားတွေက ကျားမကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့မှုအပေါ် အောင်ပွဲခံခဲ့ကြတယ်လို့ ဆိုပါတယ်။
Source & Photo: NDTV, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ