International News: အီရတ်မြောက်ပိုင်း ကာကွတ်ခ်မြို့ကို အိုက်အက်စ်အဖွဲ့ တန်ပြန်ထိုးစစ်ဆင်

တိုက်ပွဲများအတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမား ၁၂ ဦးလည်း သေဆုံးကြောင်းနဲ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

play

 

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့က တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ရာ ကာကွတ်ခ်မြို့နဲ့ အနီးပတ်ဝန်းကျင်မှာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ရေးသမားတွေက အစိုးရအဆောက်အအုံများကို တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ဆောက်လက်စ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခဲ့မှုအတွင်း ဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ပါတယ်။

play


တိုက်ပွဲများအတွင်း အိုင်အက်စ်တိုက်ခိုက်ရေးသမား ၁၂ ဦးလည်း သေဆုံးကြောင်းနဲ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

play


အီရတ်အစိုးရနဲ့ ကာဒစ်တပ်ဖွဲ့တွေက အိုင်အက်စ်တို့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို အောက်တိုဘာ ၁၇ ရက်မှစတင်ပြီး ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်။ အိုင်အက်စ်တို့က မိုဆူးလ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ထားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ