play

 

စင်ကာပူနိုင်ငံက အသက် ၁၁ နှစ်အရွယ် ကျောင်းသားလေးဟာ ဘဝမှာ ပထမဆုံးကြုံရတဲ့ စာမေးပွဲကျရှုံးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ မိဘတွေရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကို ရင်ဆိုင်ရမှာကို စိုးရွံ့နေခဲ့တဲ့ကောင်လေးဟာ ၁၇ ထပ် အမြင့်ကနေ ခုန်ချခဲ့ကာ ဘ၀ကိုအဆုံးစီရင်သွားခဲ့ပါတယ်။

play

 

မူလတန်း အဆင့် ၅ ကျောင်းသားလေးဟာ နှစ်ဝက်စာမေးပွဲမှာ ဘာသာရပ်နှစ်ခုကျရှုံးပြီးနောက် မိဘတွေရဲ့ ဖိအားပေးမှုကို ကြောက်လန့်ကာ အခန်းတံခါးပိတ်ပြီး နေခဲ့ပါတယ်။ မိဘတွေက သော့ပိုနဲ့ အခန်းတံခါးဖွင့်ပြီး ဝင်ရောက်ချိန်မှာတော့ ကလေးက ပျောက်နေခဲ့ပါတယ်။ နောက်တော့မှ ကလေးရဲ့အလောင်းကို ဦးခေါင်းပွင့်လျက်သားအနေအထားနဲ့ ပြန်မြင်ခဲ့ကြရတာပါ။

ဒီဖြစ်ရပ်ဟာ ယခုနှစ် မေလ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ ကလေး သေဆုံးမှုဟာ သတ်သေခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးနောက် သက်ဆိုင်ရာက စစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

Source : CNA, Strait Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video