International News: ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နာမည်ကြီးဝက်ဘ်ဆိုက်များကို အသုံးပြုမရဖြစ်ခဲ့

ဆိုက်ဘာတိုက်ခိုက်မှုများအနက် DDoS နည်းဖြင့် တိုက်ခိုက်မှုဟာ နှစ်စဉ် ပိုမိုများပြားလာပြီး ယခုနှစ် ဒုတိယလေးလပတ်မှာ ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

play

 

အောက်တိုဘာ ၂၁ ရက်က ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့ရာ ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုများအပေါ် သက်ရောက်များများ ရှိခဲ့ကြောင်း သိရပါတယ်။

play

 

ယမန်နေ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် Twitter, Netflix, Reddit, Soundcloud, PayPal, New York Times, Pinterest, Tumblr, Etsy, Githu စတဲ့ အမေရိကန်မှ နာမည်ကြီး လူသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို သက်ရောက်မှုရှိခဲ့ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အဆိုပါ ဝက်ဆိုက်တွေကို အမေရိကန်နဲ့ အခြားနိုင်ငံများမှာ ဝင်ရောက်အသုံးပြုမရ ဖြစ်ခဲ့ပါတယ်။

play

 

တစ်ရက်တည်းမှာ အကြိမ်အများအပြား ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ပြည်တွင်းလုံခြုံရေးဌာန (DHS) ဝက်ဘ်ဆိုက်အပါအဝင် အခြား လုံခြုံရေးဆိုင်ရာ ဝက်ဘ်ဆိုက်တွေကိုလည်း သတိပြုကြရန် တိုက်တွန်းထားပါတယ်။

DHS နဲ့ FBI က ဆိုက်ဘာတိုက်ခိုက်မှုကို သတိထားနေပြီး ဖြစ်ပေါ်လာနိုင်တဲ့ နောက်ထပ် တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

play


အောက်တိုဘာ ၂၁ ရက် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အင်တာနက်အသုံးပြုသူတွေဟာ အွန်လိုင်းမှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဈေးဝယ်ယူခြင်း၊ ဗီဒီယိုများကြည့်ရှုခြင်းနဲ့ ဂိမ်းကစားခြင်းတို့ကို အချိန်အတော်များများ အသုံးပြုမရ ဖြစ်ခဲ့ပါတယ်။

ဘီဘီစီသတင်းမှာ ဖော်ပြမှုအရ ဆိုက်ဘာတိုက်ခိုက်မှု သက်ရောက်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ Dyn အမည်ရှိ ကုမ္ပဏီရဲ့ ကွန်ရက်ကို DDoS ဆိုက်ဘာတိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ Dyn ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မသိရှိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုများအနက် DDoS နည်းဖြင့် တိုက်ခိုက်မှုဟာ နှစ်စဉ် ပိုမိုများပြားလာပြီး ယခုနှစ် ဒုတိယလေးလပတ်မှာ ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရပါတယ်။

DDoS ဆိုက်ဘာတိုက်ခိုက်မှုဟာ ဝက်ဘ်ဆိုက်တစ်ခုကို လက်ခံနိုင်တဲ့ ပမာဏထက် ဝင်ရောက်ကြည့်ရှုသူ အဆမတန် များပြားသွားပြီးနောက် အဆိုပါ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ရန် ခက်ခဲသွားစေခြင်း သို့မဟုတ် ဝင်ရောက်ကြည့်ရှုမရခြင်းတို့ ဖြစ်စေပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ