play

 

ကင်မရွန်းနိုင်ငံ မြို့ကြီးနှစ်မြို့အတွင်း ပြေးဆွဲနေတဲ့ လူစီးရထားတွဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူပေါင်း ၅၅ ဦးသေဆုံးပြီး ၅၇၅ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့ညအထိ မှောက်သွားတဲ့ရထားအတွင်းမှာ လူဆယ့်လေးဦး ပိတ်မိနေခဲ့တယ်လို့လည်း သိရပါတယ်။ ယိုအန်ဒီမြို့ကနေ ဒိုအွာလာမြို့ကို ပြေးဆွဲတဲ့ ရထားဟာ တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ " အသံအကျယ်ကြီး ကြားလိုက်ရပါတယ်။ လှည့်ကြည့်လိုက်တော့ ရထားတွဲကြီးက တစ်လှိမ့်လှမ့်နဲ့ ဒီဘက်ကိုလိမ့်လာတာတွေ့လိုက်ရတယ်" လို့ အဲဒီရထား အရှေ့ပိုင်းမှာ လိုက်ပါလာတဲ့ ရိုက်တာ ဂျာနယ်လစ်က ပြန်ပြောပြပါတယ်။

play

 

ရထားမထွက်ခင်မှာ ခရီးသည်ပုံမှန်ထက်များနေခဲ့တာကြောင်း အတွဲတွေထပ်တပ်ဆင်ပေးလိုက်ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် ဘာကြောင့် ရထားတိမ်းမှောက်ရတယ်ဆိုတဲ့ အဖြေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video