International News: သံသယဖြစ်ဖွယ် အရာဝတ္ထုကြောင့် ဟီလာရ်ီရဲ့ မဲဆွယ်စည်းရုံးရေး ရုံးချုပ် ပြောင်းရွှေ့ခဲ့ရ

ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် အရာဝတ္ထုနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

  play
play


အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး ရုံးချုပ်ကို ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) ညပိုင်းက ပြောင်းရွှေ့ရှင်းလင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။

ဟီလာရီရဲ့ မဲဆွယ်စည်းရုံးရေး ရုံးချုပ်မှာ စာအိတ်တစ်အိတ်အတွင်းမှ သံသယဖြစ်ဖွယ် အဖြူရောင် အရာဝတ္ထုကို တွေ့ရှိခဲ့ရပြီးနောက် ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


အဆိုပါ သံသယဖြစ်ဖွယ် အရာဝတ္ထုကို မက်ဟတ်တန်ရှိ မဲဆွယ်စည်းရုံးရေးရုံးမှာ ဝန်ထမ်းနှစ်ဦးက စတင်တွေ့ရှိခဲ့ပြီးနောက် ဘရွတ်ကလင်းရှိ ဟီလာရီရဲ့ မဲဆွယ်စည်းရုံးရေး ရုံးချုပ်ကို ယူဆောင်ခဲ့တာ ဖြစ်ပါတယ်။ သံသယဖြစ်ဖွယ်လို့ ယူဆရတာကြောင့် အဆောက်အအုံ ၁၁ ထပ်ရှိ ဟီလာရီရဲ့ မဲဆွယ်စည်းရုံးရေး ရုံးချုပ်ကို ဘေးကင်းစေရန် ပြောင်းရွှေ့ခဲ့ကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play


သံသယဖြစ်ဖွယ် အဖြူရောင် အရာဝတ္ထုကို ထိတွေ့ကိုင်တွယ်ခဲ့သူ လေးဦးရှိခဲ့ပြီး ၎င်းတို့အားလုံးဟာ ဒဏ်ရာရခြင်းနဲ့ ဖျားနာခြင်းကဲ့သို့ အခြေအနေမျိုး မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် အရာဝတ္ထုနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ