International News: ဆီးရီးယားအစိုးရတပ်ဖွဲ့က ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြ

အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းဆွေးနွေးမှုအရ ဆီးရီးယားအစိုးရက ၎င်းရဲ့ ဓာတုလက်နက်တွေကို ၂၀၁၃ ခုနှစ်မှာ ဖျက်ဆီးပစ်ရန် သဘောတူညီထားခဲ့ပါတယ်။

play


ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေက ယမန်နှစ်အတွင်း တတိယအကြိမ်မြောက် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လျှို့ဝှက်အဆင့် အစီရင်ခံစာက ဖော်ပြထားပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ လျှို့ဝှက်အစီရင်ခံစာအရ ဆီးရီးယားစစ်တပ်က ၂၀၁၅ ခုနှစ် မတ်လအတွင်း အစ်လစ်ဘ်မြို့ရဲ့ အနောက်မြောက်ဘက်မှာ ရဟတ်ယာဉ်များဖြင့် ကလိုရင်းဓာတ်ငွေ့ပါ စည်ပိုင်းဗုံးများ ကြဲချခဲ့ကြောင်း သိရပါတယ်။

play


ဓာတုလက်နက်များအသုံးပြုမှု တားမြစ်ပိတ်ပင်ရေး အဖွဲ့အစည်း (OPCW) ရဲ့ အစောပိုင်း အစီရင်ခံစာအရလည်း ဆီးရီးယားစစ်တပ်က ၂၀၁၅ ခုနှစ်အတွင်း ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရကတော့ မှတ်ချက်တစ်စုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

play


အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းဆွေးနွေးမှုအရ ဆီးရီးယားအစိုးရက ၎င်းရဲ့ ဓာတုလက်နက်တွေကို ၂၀၁၃ ခုနှစ်မှာ ဖျက်ဆီးပစ်ရန် သဘောတူညီထားခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်ကို ဆီးရီးယားက အကောင်အထည်ဖော်ခြင်း မရှိပါက ကုလသမဂ္ဂရဲ့ စည်းမျဉ်းဥပဒေ အခန်း ၇ အရ ပိတ်ဆို့အရေးယူမှု သို့မဟုတ် စစ်ရေးအရ အရေးယူမှုကို ခံရနိုင်ကြောင်း သိရပါတယ်။

ယခုနောက်ဆုံး ပေါက်ကြားခဲ့တဲ့ အစီရင်ခံစာဟာ ဆီးရီးယားအစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ်  ကုလသမဂ္ဂနဲ့ OPCW တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ၁၃ လကြာ စုံစမ်းစစ်ဆေးမှုလည်း ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ