play


နာမည်ကြီး ဝက်ဘ်ဆိုက်များကို သက်ရောက်မှုရှိခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ရာမှာ ဟက်ကာတွေက အင်တာနက် ချိတ်ဆက်ထားတဲ့ လုံခြုံရေးကင်မရာ (CCTV ကင်မရာ) နဲ့ ပရင်တာကဲ့သို့ အသုံးအဆောင်ပစ္စည်းများကို အသုံးချခဲ့ကြောင်း သိရပါတယ်။

play


ယမန်နေ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် Twitter, Netflix, Reddit, Soundcloud, PayPal, New York Times, Pinterest, Tumblr, Etsy, Githu စတဲ့ အမေရိကန်မှ နာမည်ကြီး လူသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို သက်ရောက်မှုရှိခဲ့ပါတယ်။

ဟက်ကာတွေက အင်တာနက် ချိတ်ဆက်မှုရှိတဲ့ လုံခြုံရေးကင်မရာနဲ့ ပရင်တာကဲ့သို့ ပစ္စည်းများမှတစ်ဆင့် 'Mirai' အမည်ရှိ malware ကို အသုံးပြုကာ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေး ဝန်ဆောင်မှုကုမ္ပဏီ Flashpoint က အတည်ပြု ပြောကြားပါတယ်။

play


ဆိုက်ဘာတိုက်ခိုက်မှု သက်ရောက်ခံခဲ့ရတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ Dyn အမည်ရှိ ကုမ္ပဏီဟာ အောက်တိုဘာ ၂၁ ရက်က DDoS နည်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပြီး ၎င်းနဲ့ ချိတ်ဆက်ထားတဲ့ ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုမရ ဖြစ်ခဲ့ပါတယ်။

ယခု Flashpoint က တွေ့ရှိမှုအရ Dyn ကို DDoS ဖြင့် ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ရာမှာ အင်တာနက် ချိတ်ဆက်ထားတဲ့ လုံခြုံရေးကင်မရာနဲ့ ပရင်တာကဲ့သို့ အသုံးအဆောင်တွေကို ဟက်ကာတွေက အသုံးချခဲ့ကြောင်း Flashpoint က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဟက်ကာတွေ အသုံးချခဲ့တဲ့ အသုံးအဆောင်ပစ္စည်း အများအပြားဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းများဖြစ်ကြောင်း သိရပြီး ၎င်းပစ္စည်းတွေရဲ့ username, password တို့ကို ဟက်ကာများက အလွယ်တကူ ခန့်မှန်းနိုင်တယ်လို့ Flashpoint က ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ပစ္စည်းတွေရဲ့ username, password ကိုလည်း အသုံးပြုသူက ပြောင်းလဲနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video