International News: ဘုရင်ကြီးဘူမိဘောအတွက် ပြည်သူတွေစုပေါင်းပြီး တော်ဝင်ဂုဏ်တော်ဘွဲ့သီချင်းသီဆို

ဘုရင်ကြီးဟာ ခေတ်ပညာတတ်ဖြစ်ပြီး နိုင်ငံတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

play

 

အောက်တိုဘာ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တော်ဝင်နန်းတော်ရှေ့မှာ အနက်ရောင် လူပင်လယ်ကြီး ပြည့်နှက်လို့နေပါတယ်။ သက်တော် ၈၈ နှစ်မှာ နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဘူမိဘောအတွက် ပူဆွေးသောကရောက်နေကြတဲ့ ပြည်သူတွေဟာ နန်းတော်ရှေ့မှာ ဆန်ဆိုအန် ဖရာ ဘရာမီ အမည်ရှိ တော်ဝင်ဂုဏ်တော်ဘွဲ့သီချင်းကို သံပြိုင်သီဆိုနေကြတာပါ။

play

 

အနည်းဆုံး လူပေါင်း တစ်သိန်းခွဲ ကျော်လွန်မယ့် ပြည်သူပြည်သားတွေဟာ မျက်ရည်တွေနဲ့အတူ ဘုရင်ကြီးရဲ့ပုံတွေ၊ ဘုရင့်ပုံခတ်နှိပ်ထားတဲ့ ထိုင်းငွေကြေးတွေကို ကိုင်ဆောင်ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဘုရင်ကြီး ဘူမိဘော အက်ဒူလာဒက်ဟာ ထိုင်းနိုင်ငံရဲ့ထီးနန်းကို ဆယ်စုနှစ် ၇ ခုကြာ စိုးစံခဲ့ပြီး ပြည်သူတွေရဲ့ ချစ်မြတ်နိုးမှုကို ခံရတဲ့ ဘုရင်တစ်ပါးလည်းဖြစ်ပါတယ်။

play
ဘုရင့်အရိုက်အရာ ဆက်ခံမယ့် မင်းသား မဟာ ဗဂျီရာလောင်ကွန်း

 

ဝမ်းနည်းကြေကွဲခြင်းကို ဖော်ကျုးတဲ့ အနက်ရောင်ကိုသာ ဝတ်ဆင်လာကြတဲ့ ပြည်သူတွေဟာ ကုန်းကြောင်း ရေကြောင်းကိုဖြတ်လို့ နေရာစုံကနေ နန်းတော်ကို အရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ယူကျုံးမရဖြစ်နေကြတဲ့ ပြည်သူတွေရဲ့ သီချင်းသံကို မီဒီယာတွေက ရုပ်သံမှတ်တမ်း ရယူထားပြီး ထိုင်းနိုင်ငံတဝန်းက ရုပ်ရှင်ရုံတိုင်းမှာ ပြန်လည်သမယ်လို့ သိရပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ