International News: အကျဉ်းသား အချင်းချင်း ခေါင်းဖြတ်သတ်ပြီး ခေါင်းကို ဘောလုံးလုပ်ကန်ခဲ့ကြ

ဘရာဇီး အကျဉ်းထောင်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

play

 

ဘရာဇီး အကျဉ်းထောင်တစ်ခုအတွင်းမှာ လူမိုက်အကျဉ်သား အုပ်စုတစ်စုက ပြိုင်ဘက်အကျဉ်းသားတစ်ဦးကို သတ်ဖြတ်တဲ့အပြင် ခေါင်းကိုဖြတ်ပြီး ဘောလုံးကန်ခဲ့ကြတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ တနင်္ဂနွေနေ့အတွင်းက ဘရာဇီးနိုင်ငံ ကမ်းခြေမြို့ဖြစ်တဲ့ ရိုရိုင်မာမြို့အတွင်း အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေ့တွေအတွင်းမှာ အနည်းဆုံး အကျဉ်းသား ၂၁ ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ထောင်ဆူပူမှု ဖြစ်ပွားရာကတဆင့် ခေါင်းဖြတ်အသတ်ခံရသူတွေရှိသလို မီးရှို့အသတ်ခံခဲ့ရတဲ့ အကျဉ်းသားတွေလည်း ရှိခဲ့ပါတယ်။

play

 

အကျဉ်းသားတွေထံကို ဆွေမျိုး မိသားစုဝင်တွေလာရောက်လည်ပတ်တဲ့ နာရီအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး အကျဉ်းသားအချို့ကို ဓါးစာခံလုပ်ပြီး အကြမ်းဖက်ခဲ့တဲ့ အကျဉ်းသားတွေလည်း ရှိခဲ့ကြောင်း သိရတာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ