International News: ရုပ်သံအစီအစဉ်မှာ အမျိုးသမီးရဲ့ ရင်သားကို နမ်းခဲ့တဲ့ အမျိုးသား ဝေဖန်ခံရ

ပြင်သစ်အမျိုးသမီးရေးရာ ဝန်ကြီးကိုယ်တိုင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

play

 

ပြင်သစ် ရုပ်သံလိုင်းတစ်ခုမှာ အစီအစဉ်တင်ဆက်သူက အမျိုးသမီးငယ်ရဲ့ ရင်သားကို နမ်းရှုပ်ခဲ့တဲ့အတွက် ဝေဖန်ခံနေရကြောင်း သိရပါတယ်။

play

 

အမေရိကန် ရုပ်သံစတား ကင်မ်ကာဒါရှီယန် ဓါးပြတိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို ပြန်လည်သရုပ်ပြ ထုတ်လွှင့်ခဲတဲ့ အဆိုပါ အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူက ယန်မီရှဲမိုင်ရီက အမျိုးသမီးငယ်ရဲ့ ရင်သားကို နမ်းရှုပ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ် အမျိုးသမီးရေးရာ ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ လောရင့်စ်ရိုဆစ်ဂ်နောကတော့ ဒီအစီအစဉ်မှာ ပါဝင်တင်ဆက်ခဲ့သူကို တရားစွဲသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

play

 

နောက်ပိုင်းမှာ မစ္စတာမိုင်ရီက လူမှုကွန်ယက်ပေါ်မှာ ပြန်လည်တောင်းပန်ခဲ့ရပြီး ဒီလုပ်ရပ်ဟာ ဒီလောက် လှုပ်ခပ်သွားမယ့် ကိစ္စလို့ မထင်ခဲ့တဲ့အတွက် လုပ်ခဲ့မိတာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

ရုပ်သံအစီအစဉ်မှာ ရင်သား အနမ်းခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် အကမယ် ဆိုရာယာကလည်း မစ္စတာ မိုင်ရီရဲ့ လုပ်ရပ်အတွက် အံ့အားသင့်ခဲ့ရကြောင်း ပြောထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ