International News: အီရတ်နိုင်ငံ မိုဆူးလ်မြို့အနီး အဆိပ်သင့် အခိုးအငွေ့ သက်ရောက်မှုများဖြစ်ပေါ်

အီရတ်အစိုးရတပ်များက ထိုးစစ်ဆင်နေတဲ့ မိုဆူးလ်မြို့မှ ဆုတ်ခွာထွက်ပြေးရန်အတွက် အိုင်အက်စ်တို့က စက်ရုံကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

play


အီရတ်နိုင်ငံမှာ အိုင်အက်စ်တို့ လက်အောက်မှ ပြန်လည်သိမ်းပိုက်ရန် အစိုးရတပ်ဖွဲ့တွေက စစ်ဆင်တိုက်ခိုက်နေတဲ့ မိုဆူးလ်မြို့အနီး အဆိပ်သင့် မီးခိုးငွေ့များ ပျံ့နှံ့နေမှုကြောင့် လူပေါင်းထောင်နဲ့ချီပြီး အန္တရာယ်ရှိနေကြောင်း သိရပါတယ်။

play


အိုင်အက်စ်အဖွဲ့နဲ့ တိုက်ပွဲများအတွင်း မိုဆူးလ်မြို့အနီးရှိ ကန့်ထုတ်လုပ်တဲ့စက်ရုံ မီးရှို့ခံရပြီးနောက် အဆိပ်သင့် မီးခိုးငွေ့များ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

play


ယခုသီတင်းပတ် အစောပိုင်းမှာ အိုင်အက်စ်တို့က အဆိုပါစက်ရုံကို မီးရှို့ခဲ့ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။ အီရတ်အစိုးရတပ်များက ထိုးစစ်ဆင်နေတဲ့ မိုဆူးလ်မြို့မှ ဆုတ်ခွာထွက်ပြေးရန်အတွက် အိုင်အက်စ်တို့က စက်ရုံကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

play


လေတိုက်မှုလမ်းကြောင်းကြောင့် အဆိပ်သင့် မီးခိုးငွေ့တွေဟာ ယနေ့ (အောက်တိုဘာ ၂၂ ရက်) မှာ မိုးဆူးလ်မြို့အနီးရှိ အမေရိကန်စစ်စခန်းဘက်ကို ရောက်ရှိလာခဲ့ပြီး စစ်သားများ ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ဆင်ထားရကြောင်း သိရပါတယ်။ အခြား လူ ၁,၀၀၀ ဟာ အဆိပ်သင့် မီးခိုးငွေ့တွေကြောင့် အသက်ရှူကြပ်ခဲ့ပြီး ကုသမှုခံယူခဲ့ရကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

play


၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်တို့ သိမ်းပိုက်ခဲ့ပြီး အခိုင်အမာ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို ပြန်လည် သိမ်းပိုက်ရန်အတွက် အီရတ်နဲ့ ကာဒစ်တပ်ဖွဲ့များက အောက်တိုဘာ ၁၇ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ခဲ့ပြီး အဆိုပါမြို့အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါတယ်။

play


လက်ရှိအချိန်ထိ သတင်းများအရ အီရတ်အစိုးရတပ်ဖွဲ့က မိုဆူးလ်မြို့အနီးရှိ ခရစ်ယာန်အများစု နေထိုင်ရာ မြို့တစ်မြို့ကို အိုင်အက်စ်တို့ထံမှ ယနေ့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ