International News: ပင်လယ်ဓားပြများ လေးနှစ်ကျော် ဖမ်းဆီးထားတဲ့ သင်္ဘောသားများ ပြန်လွတ်

သင်္ဘောသားတွေဟာ ၎င်းတို့ရဲ့ သင်္ဘောကို ၂၀၁၂ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာမှာ ဆိုမာလီတို့ ပြန်ပေးဆွဲသွားခဲ့ပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

play


နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ဆိုမာလီ ပင်လယ်ဓားပြများက လေးနှစ်ကျော်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ အာရှဒေသမှ သင်္ဘောသား ၂၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဆိုမာလီယာအစိုးရ တာဝန်ရှိသူတစ်ဦးက ယနေ့ (အောက်တိုဘာ ၂၂ ရက်) ပြောပါတယ်။

play


အဆိုပါ သင်္ဘောသားတွေဟာ ၎င်းတို့ရဲ့ သင်္ဘောကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီအတွင်း အိန္ဒိယသမုဒ္ဒရာမှာ ဆိုမာလီတို့ ပြန်ပေးဆွဲသွားခဲ့ပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့ သင်္ဘောသားများမှာ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားန၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့မှဖြစ်ကြောင်း သိရပါတယ်။

ပြန်လွတ်လာတဲ့ သင်္ဘောသားတွေကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ ၎င်းတို့ လွတ်မြောက်ရန်အတွက် ပြန်ပေးရွေးငွေ ပေးခဲ့ရခြင်းရှိ မရှိ မသိရသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သင်္ဘောသားတွေဟာ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် အရှေ့မြောက်ဘက် မိုင် ၂၅၀ အကွာရှိ တံငါရွာလေးမှာ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ