International News: လိင်အကြမ်းဖက်တယ်လို့ စွပ်စွဲတဲ့ အမျိုးသမီးများအား တရားစွဲမယ်လို့ ဒေါ်နယ်ထရန့်ဆို

အားလုံးက အလိမ်အညာတွေချည်းပဲလို့ သူကဆိုပါတယ်။

play

 

သူဟာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ပြုလုပ်ဖူးတယ်လို့ စွပ်စွဲပြောဆိုနေကြတဲ့ အမျိုးသမီးတွေကို ရွေးကောက်ပွဲ ပြီးတဲ့အခါ တရားစွဲမယ်လို့ ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေး ကာလမှာ ဒေါ်နယ်ထန်ရန့် သွားရောက်နေတဲ့ စည်းရုံးရေးပွဲတွေအတွင်း သူ့ကို စွပ်စွဲပြောဆိုနေတဲ့ အမျိုးသမီးတွေ ရှိနေတာကြောင့် အခုလို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော့်စည်းရုံးရေးပွဲတွေကို ထိပါးနှောက်ယှက်ဖို့ ကြိုးစားကြသူ အမျိုးသမီးတွေပြောတာ အလိမ်အညာတွေချည်းပါပဲ။ ဒါတွေ တစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ဒီလူလိမ်တွေ အားလုံးကို ရွေးကောက်ပွဲပြီးတာနဲ့ တရားစွဲသွားပါမယ်" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ယခုလ အစောပိုင်းတုန်းကလည်း သူ့ကို တိုက်ခိုက်ရေးသားခဲ့တဲ့ နယူးယော့ခ်တိုင်းမ် သတင်းစာကို တရားစွဲမယ်လို့ ဒေါ်နယ်ထရန့်ကခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားစွဲမယ့် အစီအစဉ်ကို နောက်ပိုင်းမှာ ရုပ်သိမ်းလိုက်ပါတယ်။

Source & Photos : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ