International News: ၁၂ နှစ်သားအရွယ် လူငယ်က ဝမ်းကွဲညီမဖြစ်သူကို လက်ထပ်ရန် ရည်ရွယ်ထား

ဝမ်းကွဲမောင်နှမရဲ့ စေ့စပ်ပွဲကို လူကြီးတွေ စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။

play

 

အီဂျစ်မှာ နေထိုင်တဲ့ ၁၂ နှစ်သားအရွယ် လူငယ်လေးက သူ့ရဲ့ ဝမ်းကွဲညီမဖြစ်သူ ၁၁ အရွယ်မိန်းကလေးငယ်ကို လက်ထပ်ဖို့ ပြင်ဆင်နေကြောင်း မိသားစုက ကြေညာလိုက်ပြီးနောက် ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။

အိုမာလို့ အမည်ရတဲ့ အဆိုပါလူငယ်လေးဟာ ကလေးဘဝအရွယ်ကတည်းက ဝမ်းကွဲညီမဖြစ်သူ ဂါရမ်အပေါ် သံယောဇဉ်ရှိခဲ့တာဖြစ်တယ်လို့ အိုမာရဲ့အဖေဖြစ်သူ မစ္စတာဟက်ဆန်က ပြောပါတယ်။ အိုမာနဲ့ ဂါရမ်တို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကိုလည်း ဖခင်ဖြစ်သူ မစ္စတာဟက်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူ မင်္ဂလာပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အိုမာဟာ ဂါရမ်ကို ငယ်ငယ်ကတည်းက လက်ထပ်ဖို့ စိတ်ကူးထားတာလို့ ဟက်ဆန်က ပြောပါတယ်။

 

ဒီကိစ္စ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းသတင်းစာတွေကို မစ္စတာဟက်ဆန်က ပြောကြားရာမှာတော့ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု မဟုတ်ကြောင်း၊ ဒါဟာ စေ့စပ်ဆဲ အဆင့်သာရှိသေးပြီး မင်္ဂလာဆောင်တာ မဟုတ်ကြောင်း ပြောခဲ့တာပါ။

ပြည်တွင်းအမျိုးသမီးရေးရာစင်တာကလည်း ဒီကိစ္စအပေါ် ဝေဖန်ထားပြီး စောစီးစွာ လက်ထပ်ထိမ်းမြားပေးခြင်းဟာ မိန်းကလေးငယ်ရဲ့ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာကြီးပြင်းခွင့်တွေကို ဆုံးရှုံးစေတဲ့အပြင် လူမှုဆက်ဆံရေးမှာပါ အထီးကျန်စေလိမ့်မယ်လို့ ထောက်ပြထားပါတယ်။

ဒီကလေးနှစ်ဦးဟာ လက်ထပ်နိုင်တဲ့အရွယ်ရောက်လာရင် လက်ထပ်ကြမှာ ဖြစ်တယ်လို့ မိဘတွေက ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ