International News: ဂျပန်မှာ ပန်းခြံနဲ့ ကားရပ်နားရာနေရာတို့တွင် ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံး

, updated

ပေါက်ကွဲမှုနှစ်ခုဟာ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play


ဂျပန်နိုင်ငံ တိုကျိုမြို့မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ အူဆူနိုမီယာမြို့ရှိ ပန်းခြံနဲ့ ကားရပ်နားရာ နေရာတို့မှာ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


ပေါက်ကွဲမှုနှစ်ခုဟာ ယနေ့ (အောက်တိုဘာ ၂၃ ရက်) ဒေသစံတော်ချိန် ၁၁း၃၀ ဝန်းကျင်မှာ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဒုတိယပေါက်ကွဲမှုဟာ ပထမပေါက်ကွဲမှုထက် ပိုမိုပြင်းထန်ခဲ့ကြောင်းလည်း သိရပါတယ်။

play


ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ NHK သတင်းဌာနက ဖော်ပြမှုအရ ကားနှစ်စီး မီးလောင်နေတဲ့ ပုံတွေကို တွေ့ရပါတယ်။

play


ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး ရှိနေခဲ့သူတွေက ပေါက်ကွဲသံတွေကို ဆက်တိုက်ကြားခဲ့ရကြောင်းလည်း ပြောပါတယ်။

play


ဂျပန်ဟာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း နည်းပါတဲ့ နိုင်ငံဖြစ်ပြီး အစိုးရကိုဆန့်ကျင်ကာ အကြမ်းဖက်တိုက်ခိုက်တဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ မရှိကြောင်းလည်း သိရပါတယ်။
Source & Photo: NHK, BBC, AFP, Asahi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ