International News: ဟေတီမှာ ထောင်ဖောက်မှုဖြစ်ပြီး အကျဉ်းသား ၁၇၀ ကျော် လွတ်မြောက်သွား

ထောင်ဖောက်မှုအတွင်း ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့တဲ့ အကျဉ်းသားအချို့ကို ပြန်လည်ဖမ်းမိခဲ့ပေမဲ့ အများအပြား လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

play


ဟေတီနိုင်ငံမှာ ထောင်ဖောက်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၇၀ ကျော် လွတ်မြောက်သွားခဲ့ပြီး ထောင်စောင့်တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဟေတီမြို့တော်မြောက်ဘက် မိုင် ၃၀ အကွာရှိ အကျဉ်းထောင်မှာ ထောင်ဖောက်မှုဖြစ်ခဲ့ပြီး ဟေတီအာဏာပိုင်တွေက ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို လိုက်လံရှာဖွေနေပါတယ်။

play


အကျဉ်းခန်းအတွင်းမှ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေက ထောင်စောင့်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ အရေအတွက် အတိအကျမသိရတဲ့ လက်နက်တွေကို ရယူသွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

play


ထောင်ဖောက်မှုအတွင်း အကျဉ်းထောင်စောင့်တစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။ ထွက်ပြေးတဲ့ အကျဉ်းသားတစ်ဦးလည်း နံရံကိုကျော်တက်စဉ် ပြုတ်ကျခဲ့ရာက သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ထောင်ဖောက်မှုအတွင်း ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့တဲ့ အကျဉ်းသားအချို့ကို ပြန်လည်ဖမ်းမိခဲ့ပေမဲ့ အများအပြား လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေထိန်းသိမ်းမှုတပ်ဖွဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့က အကျဉ်းထောင်အနီးတစ်ဝိုက် လမ်းမများမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း သိရပါတယ်။
Source & Photo: Reuters, Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ