International News: ဟီလာရီက ထရန့်ထက် အသာရနေကြောင်း ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဝန်ခံ

လူထုစစ်တမ်းကောက်ခံမှု ရလဒ်အသစ်တွေအရလည်း ဟီလာရီက ထရန့်ထက် အသာရနေကြောင်း သိရပါတယ်။

play


အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ မဲဆွယ်စည်းရုံးမှုအဖွဲ့က ဒီမိုကရစ်တစ်ပါတီမှ ဟီလာရီကလင်တန်က မဲဆွယ်မှုများမှာ ထရန့်ထက် အသာရနေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

play


၎င်းတို့ဟာ နောက်မှာကျန်နေခဲ့ပြီး ဟီလာရီက အသာရနေကြောင်း ထရန့်ရဲ့ မဲဆွယ်စည်းရုံးမှု မန်နေဂျာ ကယ်လီအန်းကွန်ဝေးက ပြောပါတယ်။ ဒါပေမဲ့ လက်လျှော့ပေးသွားမှာ မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ ထရန့် အနိုင်ရနိုင်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

play


ရီပတ်ဘလစ်ကင် သမ္မတလောင်း ထရန့်က သမ္မတရွေးကောက်ပွဲမှာ ၎င်း ရှုံးနိမ့်နိုင်ကြောင်း အောက်တိုဘာ ၂၁ ရက်က ရှားရှားပါးပါး ဝန်ခံပြောကြားခဲ့ပါတယ်။ လူထုစစ်တမ်းကောက်ခံမှု ရလဒ်အသစ်တွေအရလည်း ဟီလာရီက ထရန့်ထက် အသာရနေကြောင်း သိရပါတယ်။

play


ဟီလာရီရဲ့ မဲဆွယ်စည်းရုံးမှုအဖွဲ့က လာမယ့် နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး ရွေးကောက်ပွဲဖြစ်လာမယ်လို့လည်း ဟောကိန်းထုတ်ထားပါတယ်။

play


လက်ရှိ စစ်တမ်းများအရ ရီပတ်ဘလစ်ကင်တို့ အဓိက အားကောင်းခဲ့တဲ့ ယူတားနဲ့ အာရီဇိုနားကဲ့သို့ ပြည်နယ်တွေကလည်း ဆယ်စုနှစ်များအတွင်း ဒီမိုကရက်တစ်ကို ပထမဆုံးအကြိမ် ရွေးချယ်နိုင်ကြောင်း သိရပါတယ်။
Source & Photo: BBC, Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ