International News: တောင်ကိုရီးယားသမ္မတသက်တမ်း တစ်ကြိမ်သာသတ်မှတ်ထားမှုကို ပြောင်းလဲရန် ပတ်ဂျွန်ဟီး တိုက်တွန်း

သမ္မတသက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုထားခြင်းက အစိုးရရဲ့မူဝဒါရေးရာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်စေတယ်လို့လည်း ပတ်ဂျွန်ဟီးက သုံးသပ်ခဲ့ပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟီးက သမ္မတသက်တမ်းကို နှစ်ကြိမ်အဖြစ် ခွင့်ပြုပေးနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ယနေ့ (အောက်တိုဘာ ၂၄ ရက်) တိုက်တွန်းပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယား အခြေခံဥပဒေအရ သမ္မတဖြစ်သူကို ငါးနှစ်သက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုထားပါတယ်။

play


စစ်တပ်အုပ်ချုပ်မှုမှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပတ်ဂျွန်ဟီးက ရုပ်မြင်သံကြားမှတစ်ဆင့် လွှတ်တော်မိန့်ခွန်း ပြောကြားရာမှာ လက်ရှိ အခြေခံဥပဒေဟာ ခေတ်မမီတော့ဘဲ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် စတင်ဆွေးနွေးသင့်ပြီလို့ ဆိုပါတယ်။

play


သမ္မတသက်တမ်းကို ငါးနှစ်ကြာ တစ်ကြိမ်သာ ခွင့်ပြုထားခြင်းဟာ ယခင် ဒီမိုကရေစီ ဖော်ဆောင်နေစဉ်ကာလနဲ့ ကိုက်ညီနိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ ကိုက်ညီမှုမရှိတော့ကြောင်း တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

သမ္မတသက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ပြုထားခြင်းက အစိုးရရဲ့မူဝဒါရေးရာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်စေတယ်လို့လည်း ပတ်ဂျွန်ဟီးက သုံးသပ်ခဲ့ပါတယ်။ သမ္မတပတ်ဂျွန်ဟီးက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်အတွက် အထူးကော်မတီတစ်ရပ်ကို ချက်ချင်းဖွဲ့စည်းပြီး ဆွေးနွေးမှုများ စတင်ကြရန်လည်း ပြောကြားခဲ့ပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ