International News: မော်လ်တာလေဆိပ်တွင် လေယာဉ်တစ်စင်းပျက်ကျပြီး အနည်းဆုံး ငါးဦး သေဆုံး

လေယာဉ်အငယ်စားတစ်စင်း ပျံသန်းဖို့ လေယာဉ်ပြေးလမ်းက ထွက်ခွာစဉ်မှာ ပျက်ကျတာလို့ ဆိုပါတယ်။

play

 

မော်လ်တာလေဆိပ်ကနေ ထွက်ခွာပျံသန်းဖို့ ပြုလုပ်စဉ်မှာ လေယာဉ်အသေးစားတစ်စင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ငါးဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ယနေ့မနက်ပိုင်းမှာ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

play

 

ရုပ်သံမြင်ကွင်းအရ လေယာဉ်ပြေးလမ်းပေါ်မှာ ပျက်ကျသွားတဲ့လေယာဉ်ဟာ တစ်စင်းလုံးနီးပါး မီးလောင်ကျွမ်းနေတာ တွေ့ခဲ့ရပါတယ်။ အစောပိုင်းသတင်းတွေအရ လေယာဉ်ပေါ်မှာ ဥရောပသမဂ္ဂအရာရှိတွေ လိုက်ပါသွားခဲ့တာလို့ သတင်းတွေကဆိုပေမဲ့ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာလည်း လေဆိပ်အရာရှိတွေက လေယာဉ်ပေါ် သေဆုံးသွားသူတွေဟာ ဘယ်သူတွေဆိုတာနဲ့ ဘယ်နိုင်ငံကဆိုတာ အတည်မပြုပေးသေးပါဘူး။

play

 

အငယ်စားလေယာဉ်ဟာ စုစုပေါင်း ဆယ်ဦးခန့် တင်ဆောင်ပျံသန်းနိုင်တဲ့ လေယာဉ်ဖြစ်ပြီး လစ်ဗျားကို ပျံသန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်။

Source : Reuters

Photos  : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ