International News: ဆိုမာလီလက်မှ လွတ်မြောက်ခဲ့တဲ့ သင်္ဘောသားများ ကြွက်စားပြီး အသက်ဆက်ခဲ့ရဟုဆို

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဆိုမာလီ ပင်လယ်ဓားပြတွေက ၎င်းတို့ရဲ့ သင်္ဘောကို ပြန်ပေးဆွဲခဲ့ပြီးကတည်းက သင်္ဘောသားတွေဟာလည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

play


ဆိုမာလီ ပင်လယ်ဓားပြလက်မှ လွတ်မြောက်လာတဲ့ ဓားစာခံ သင်္ဘောသား ၂၆ ဦးဟာ အသက်ရှင်သန်ရေးအတွက် ကြွက်များကို စားခဲ့ရကြောင်း ဖွင့်ဟပြောပါတယ်။

play


ဆိုမာလီတို့က လေးနှစ်ကျော် ငါးနှစ်နီးပါးကြာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ သင်္ဘောသားများအနက် ပါဝင်ခဲ့သူ ဖိလစ်ပိုင်သင်္ဘောသား အာနဲလ် ဘယ်လ်ဘာရိုက ၎င်းတို့ကို ရေအနည်းငယ်သာ ပေးကြောင်းနဲ့ Walking Dead ကဲ့သို့ ခံစားခဲ့ရကြောင်း ပြောပါတယ်။

play


၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဆိုမာလီ ပင်လယ်ဓားပြတွေက ၎င်းတို့ရဲ့ သင်္ဘောကို ပြန်ပေးဆွဲခဲ့ပြီးကတည်းက သင်္ဘောသား ၂၆ ဦးဟာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ စနေနေ့ (အောက်တိုဘာ ၂၂ ရက်) ဆိုမာလီတို့လက်မှ ပြန်လွတ်လာပြီးနောက် ကင်ညာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။

play


ပြန်လည် လွတ်မြောက်လာတဲ့ သင်္ဘောသား ၂၆ ဦးဟာ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့မှဖြစ်ကြောင်း သိရပါတယ်။ ဆိုမာလီတို့က သင်္ဘောနဲ့အတူ ၎င်းတို့ကို ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပြီးနောက် တစ်နှစ်အကြာမှာ သင်္ဘောနစ်မြုပ်သွားခဲ့ပြီး သင်္ဘောသားတွေကို ဆိုမာလီယာနိုင်ငံ ကမ်းခြေအစွန်းအဖျားနေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

play
ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့တဲ့ ထိုင်ဝမ်လူမျိုး အင်ဂျင်နီယာချုပ်ကို ၂၀၁၄ ခုနှစ်က ဆိုမာလီတို့ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာတွေ့ရစဉ်


ပြန်ပေးဆွဲခံရတဲ့ သင်္ဘောပေါ်မှာ မူလက စုစုပေါင်း သင်္ဘောသား ၂၉ ဦး ပါရှိခဲ့ပြီး တစ်ဦးမှာ ဆိုမာလီတို့က သင်္ဘောကို ပြန်ပေးဆွဲစဉ်အတွင်း သေဆုံးခဲ့ပါတယ်။ အခြားနှစ်ဦးမှာမူ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရစဉ်အတွင်း နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ