International News: အိန္ဒိယရဲတပ်ဖွဲ့က မော်ဝါဒီသူပုန် ၂၄ ဦးကို သုတ်သင်ခဲ့ကြောင်း ထုတ်ပြန်

အောရစ်ရှနဲ့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်နယ်စပ် တောတွင်းနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံအရှေ့ပိုင်း အောရစ်ရှပြည်နယ်မှာ မော်ဝါဒီသူပုန် ၂၄ ဦးကို တိုက်ပွဲအတွင်း ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ပြောပါတယ်။ အောရစ်ရှနဲ့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်နယ်စပ် တောတွင်းနေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

play


အဆိုပါ ဒေသမှာ မော်ဝါဒီသူပုန်များက  အိန္ဒိယအစိုးရကို ကာလရှည်ကြာ လက်နက်ကိုင် ပုန်ကုန်နေခဲ့ပါတယ်။ အိန္ဒိယမှာ မော်ဝါဒီသူပုန်တို့ရဲ့ လက်နက်ကိုင်ပုန်ကန်မှုများ ၁၉၆၀ ပြည့်လွန်နှစ်များက စတင်ခဲ့ပြီး နိုင်ငံရဲ့ခရိုင်အဆင့် အုပ်ချုပ်ရေးနယ်မြေ ၆၀၀ ရဲ့ သုံးပုံတစ်ပုံကို ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။

play


အဖွဲ့ဝင် ၃၀ ခန့် ပါဝင်တဲ့ မော်ဝါဒီသူပုန်တွေနဲ့ ရဲတပ်ဖွဲ့ကြား ယနေ့ (အောက်တိုဘာ ၂၄ ရက်) အစောပိုင်းက တောတွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ သူပုန်တို့ရဲ့ လေ့ကျင့်ရေးစခန်း ဖြစ်ကြောင်းလည်း ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာမှ သေနတ်များ အပါအဝင် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့ရပြီး အဆိုပါနေရာကို ပိတ်ဆို့ထားကြောင်း ၎င်းက ဆိုပါတယ်။
ှSource & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ