play


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အသင့်ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းများဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတစ်ခုမှာ ပေါက်ကွဲမှုပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းက ပြောပါတယ်။

play


အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းက ရှန်ဇီပြည်နယ် ရှင်မင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုအကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

play


ပြင်းထန်တဲ့ ပေါက်ကွဲမှုအရှိန်ကြောင့် အဆိုပါမြို့ရှိ ဆေးရုံအပါအဝင် ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံများ ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

play


ဒဏ်ရာရရှိသူသူများအနက် လေးဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရကြောင်း သိရပါတယ်။ ဆင်ဟွာသတင်းမှာ ဖော်ပြတဲ့ သတင်းဓာတ်ပုံများအရ ကယ်ဆယ်ရေးတွေက ပြိုကျပျက်စီးခဲ့တဲ့ အထပ်အနည်းငယ်ပါ အဆောက်အအုံ အပျက်အစီးတွေကို စက်ယန္တရားများဖြင့် တူးဖော်နေတာ တွေ့ရပါတယ်။

play


အွန်လိုင်းသတင်းများမှာ ဖော်ပြမှုအရ ပေါက်ကွဲမှုဟာ တရားမဝင် ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ထားရာမှ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video