International News: အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ၄ ဦး သေဆုံး

အပြန်အလှန် ပစ်ခတ်မှုဟာ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ကြား နယ်စပ်ဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

play


အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ ကလေးနှစ်ဦး၊ အရပ်သားတစ်ဦးနဲ့ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း နှစ်နိုင်ငံမှ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။ ယခု ပစ်ခတ်မှုကြောင့်လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

play


အိန္ဒိယစစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ၎င်းတို့ဘက်ခြမ်းမှ အသက် ၁၈ လအရွယ် မိန်းကလေးငယ်နဲ့ အခြား အရပ်သားတစ်ဦး သေဆုံးကြောင်း ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့ အဆိုအရ ပစ်ခတ်မှုဟာ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ကြား နယ်စပ်ဒေသရှိ ဟာပယ်လ်၊ ပုခလီယန်နဲ့ ချာဝါ ကျေးရွာများမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play


အိန္ဒိယစစ်ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ နယ်စပ်ဒေသမှာ အောက်တိုဘာ ၂၃ ရက်ည နှောင်းပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးကြောင်း သိရပါတယ်။ နယ်စပ်ဒေသမှာ နှစ်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုအတွင်း အခြား အရပ်သားခြောက်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
Source & Photo: Reuters, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ