International News: တရုတ်မှာ အကျင့်ပျက်ခြစားမှုဖြင့် အစိုးရအရာရှိ တစ်သန်းကျော်ကို အရေးယူခဲ့

အကျင့်ပျက်ခြစားမှုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တရုတ်အစိုးရအရာရှိ ၄၀၉ ဦးကိုလည်း နိုင်ငံရပ်ခြားမှာ ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

play


တရုတ်နိုင်ငံမှာ သုံးနှစ်အတွင်း အကျင့်ပျက်ခြစားတဲ့ အရာရှိတစ်သန်းကျော်ကို အပြစ်ပေး အရေးယူခဲ့ကြောင်း အစိုးရက ပြောပါတယ်။ အကျင့်ပျက်ခြစားမှုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တရုတ်အစိုးရအရာရှိ ၄၀၉ ဦးကိုလည်း နိုင်ငံရပ်ခြားမှာ ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

play


တရုတ်နိုင်ငံမှာ သမ္မတရှီကျင်းပင် ကိုယ်တိုင်ဦးဆောင်ပြီး အကျင့်ပျက်ခြစားမှုတွေကို ထိရောက်စွာ တိုက်ဖျက်နေခဲ့ပါတယ်။ လေ့လာသူအချို့ကတော့ သမ္မတရှီကျင်းပင်ဟာ ၎င်းရဲ့နိုင်ငံရေးပြိုင်ဘက်တွေကို ရှင်းလင်းပစ်ရန်လည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အသုံးချခဲ့တယ်လို့ ဆိုပါတယ်။

play


တရုတ်ကွန်မြူနစ်ပါတီဟာ အစည်းအဝေးတစ်ခုကို ပြုလုပ်သွားရန်ရှိပြီး ပါတီစည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ တရုတ်အရေး လေ့လာဆန်းစစ်သူတွေက ကွန်မြူနစ်ပါတီရဲ့ အပြောင်းအလဲအချို့က သမ္မတရှီကျင်ပင်းရဲ့ သြဇာအာဏာကို ပိုမိုကြီးမာလာစေမယ်လို့လည်း သုံးသပ်ထားပါတယ်။

၂၀၁၃ ခုနှစ်မှစပြီး လက်ရှိအချိန်ထိ အစိုးရအရာရှိ တစ်သန်းကျော်ကို အကျင့်ပျက်ခြစားမှုကြောင့် အပြစ်ပေးအရေးယူခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ တရုတ်အစိုးရက အကျင့်ပျက်ခြစားကြောင်း သတ်မှတ်ခဲ့တဲ့ အရာရှိတွေဟာ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်းနဲ့ အခြား ပြစ်မှုများကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ