International News: တွစ်တာက ဝန်ထမ်းအရေအတွက် ၃၀၀ ခန့် လျှော့ချမည်ဟုဆို

တွစ်တာရဲ့ လက်ရှိ အခြေအနေအရ ဝယ်ယူလိုသူတွေအတွက် ပေးချေရမယ့် ပမာဏဟာ အလွန်များပြားနေပါတယ်။

  play


တွစ်တာက ဝန်ထမ်းအင်အား ၈ ရာခိုင်နှုန်း သို့မဟုတ် ဝန်ထမ်း ၃၀၀ ဝန်းကျင်ကို လျှော့ချသွားမယ်လို့ Bloomberg သတင်းက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။ ဝန်ထမ်းလျှော့ချမယ့် အစီအစဉ်ကို တွစ်တာရဲ့ တတိယ လေးလပတ်ဝင်ငွေ အစီရင်ခံစာ ထုတ်ပြန်မယ့် ကြာသပတေးနေ့ (အောက်တိုဘာ ၂၇ ရက်) မတိုင်မီ ကြေညာနိုင်ကြောင်းလည်း Bloomberg ဝက်ဘ်ဆိုက်က ဆိုပါတယ်။

play


ဝန်ထမ်းလျှော့ချမယ့် သတင်းနဲ့ပတ်သက်ပြီး တွစ်တာကို မေးမြန်းနိုင်မှု မရှိသေးကြောင်း သိရပါတယ်။ ယမန်နှစ်အတွင်း တွစ်တာက ဝန်ထမ်းဦးရေ ၃၃၆ ဦး လျှော့ချသွားရန် စီစဉ်ထားကြောင်း ကြေညာထားခဲ့ပါတယ်။

တွစ်တာကို ရောင်းချရန် စီစဉ်မှုတွေလည်းရှိခဲ့ပြီး ဝယ်ယူရန်စိတ်ဝင်စားတဲ့ ကုမ္ပဏီများအနက် Salesforce.com Inc က ကမ်းလှမ်းမှုပြုလုပ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးရာ တွစ်တာအနေနဲ့ မရေရာတဲ့ အနာဂတ်အခြေအနေကို တွေ့ကြုံနေရပါတယ်။

play


တွစ်တာရဲ့ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂.၇၆ ဘီလီယံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရှုံးနေတယ်လို့ ဆိုပါတယ်။ တွစ်တာရဲ့ လက်ရှိ အခြေအနေအရ ဝယ်ယူလိုသူတွေအတွက် ပေးချေရမယ့် ပမာဏဟာ အလွန်များပြားနေပါတယ်။ ယခုနှစ် ဇွန်လစာရင်းများအရ တွစ်တာမှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအရေအတွက် ၃,၈၆၀ ရှိကြောင်း သိရပါတယ်။
Source & Photo: Reuters, Bloomberg

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ