International News: မလေးရှားဆေးရုံ မီးလောင်မှုကြောင့် လူနာခြောက်ဦး သေဆုံး

မီးလောင်မှုအတွင်း ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာခုနစ်ဦးအနက် ခြောက်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

play


မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်ရှိ ဂျိုဟာဘာရူးမြို့တော်ရှိ အကြီးဆုံး ဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ဂျိုဟာဘာရူးရှိ Sultanha Aminah ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ဒေသစံတော်ချိန် ၈း၅၅ မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မလေးရှား မီးသတ်ဌာနက ပြောပါတယ်။

play


ဂျိုဟာပြည်နယ် မီးသတ်ဌာန အကြီးအကဲက မီးသတ်တပ်ဖွဲ့ဝင် ၁၆၆ ဦးနဲ့ မီးသတ်ယာဉ်နဲ့အရေးပေါ်ယာဉ် ၁၀ စီးဖြင့် ဆေးရုံမီးလောင်မှုကို ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

  play


မီးလောင်မှုအတွင်း ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာခုနစ်ဦးအနက် ခြောက်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

play


အသက်ရှင်ကျန်ရစ်တဲ့ လူနာတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အထူးကြပ်မတ်ဆောင်မှ လူနာများဟာ အသက်ရှူကိရိယာ အကူအညီဖြင့် ထားရှိရသူများဖြစ်ပြီး ၎င်းတို့ရဲ့ လူနာခုတင်မပါဘဲ ရွှေ့ပြောင်းနိုင်ခြင်း မရှိကြောင်း မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

play


ဆေးရုံမီးလောင်မှုဟာ အခြား နေရာတွေကိုတော့ ကူးစက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ Sultanha Aminah ဆေးရုံမှ လူနာတွေကို ပြည်နယ်အတွင်းရှိ အခြား ဆေးရုံများသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

play


ဆေးရုံမီးလောင်မှုနဲ့ ပတ်သက်ပြီး အထူးကော်မတီတစ်ရပ် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးသွားမယ်လို့ ယနေ့ ညနေပိုင်းမှာ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source & Photo: Bernama/CNA/am/hs

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ