International News: ၾသစေၾတးလ် အပန်းဖြေဥယျာဉ် မတော်တဆမှု လေးဦးသေဆုံး

ယနေ့ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ Dreamworld အပန်းဖြေဥယျာဉ်ကို ၁၉၈၁ ခုနှစ်ျွှာ ဖွင့်လှစ်ခဲ့ပြီး အပျော်စီးဖောင် ၄၀ နဲ့ အခြား လည်ပတ်စရာနေရာများ ပါရှိပါတယ်။

play


သြစတြေးလျနိုင်ငံ ကမ္ဘာကျော် Gold Coast ရှိ အပန်းဖြေဥယျာဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အပန်းဖြေဥယျာဉ်ရှိ ရေစီးအတွင်း အပျော်စီးဖောင် လိုက်ပါစီးနင်းတဲ့ နေရာမှာ မတော်တဆမှု ယနေ့ (အောက်တိုဘာ ၂၅ ရက်) ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


Dreamworld အပန်းဖြေဥယျာဉ်ရဲ့ Thunder River Rapids Ride အပျော်စီးဖောင် စီးနင်းတဲ့နေရာမှာ မတော်တဆမှု ဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ကွင်းစ်လန်းရဲတပ်ဖွဲ့က ပြောပါတယ်။

play


အပျော်စီးဖောင် မတော်တဆမှု ဖြစ်ရပ်အတွင်း သေဆုံးသူတွေဟာ အသက် ၃၅နှစ်နဲ့ ၃၈ နှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက် ၃၂ နှစ်နဲ့ ၄၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။ Thunder River Rapids Ride မှ အပျော်စီးဖောင်ဟာ အဝိုင်းပုံစံပြုလုပ်ထားပြီး လူခြောက်ဦး လိုက်ပါစီးနင်းနိုင်ပါတယ်။

play


အပျော်စီးဖောင် လည်ပတ်မှုစနစ် ချို့ယွင်းချက်ကြောင့် မတော်တဆမှုအတွင်း လူနှစ်ဦးဟာ ဖောင်အတွင်းမှ အရှိန်နဲ့လွင့်ထွက်သွားခဲ့ပြီး အခြားနှစ်ဦးမှာ ဖောင်ထဲမှာ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

ယနေ့ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ Dreamworld အပန်းဖြေဥယျာဉ်ကို ၁၉၈၁ ခုနှစ်ျွှာ ဖွင့်လှစ်ခဲ့ပြီး အပျော်စီးဖောင် ၄၀ နဲ့ အခြား လည်ပတ်စရာနေရာများ ပါရှိကြောင်း သိရပါတယ်။
Source & Photo: ABC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ