International News: ဂျကာတာတိုက်ခိုက်မှုနဲ့ ဆက်နွှယ်သူ စစ်သွေးကြွကို ထောင်ဒဏ်ချမှတ်

ဂျကာတာမြို့ရှိ ကော်ဖီဆိုင်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးစောင့်ကြပ်ရာ နေရာတစ်ခုတို့မှာ ဗုံးများထောင်ပြီး ဖောက်ခွဲခဲ့မှုကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။

play
တရားရုံးခွင်မှာတွေ့ရသည့် အလီမက်ခ်မူဒင်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ယခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူ တစ်ဦးအား တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ် အလီမက်ခ်မူဒင်ကို ဗုံးများပြင်ဆင်ရာမှာ ကူညီခဲ့ကြောင်း ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play


ဂျကာတာမြို့ရှိ ကော်ဖီဆိုင်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးစောင့်ကြပ်ရာ နေရာတစ်ခုတို့မှာ ဗုံးများထောင်ပြီး ဖောက်ခွဲခဲ့မှုကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။ ဂျကာတာတိုက်ခိုက်မှုအတွင်း တိုက်ခိုက်ရေးသမား ငါးဦးလည်း ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။

play


အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး သံသယရှိသူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ ဂျကာတာ တရားရုံးရဲ့ စစ်ဆေးကြားနာမှုအရ ပြစ်ဒဏ်ချမှတ်ခံရသူ မက်ခ်မူဒင်ဟာ ဂျကာတာတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ပိုက်လုံးဗုံးများ သိုဝှက်ထည့်သွင်းရန် စီစဉ်ခဲ့ပြီးနောက် အခြား စစ်သွေးကြွတစ်ဦးထံ လွှဲပြောင်းပေးခဲ့ပါတယ်။

play


အဆိုပါ စစ်သွေးကြွေက မက်ခ်မူဒင်ထံမှရရှိတဲ့ ဗုံးတွေကို ဇန်နဝါရီတိုက်ခိုက်မှု ကျူးလွန်သူ အကြမ်းဖက်သမားများထံ ယူဆောင်သွားခဲ့ကြောင်း တရားရုံးစစ်ဆေးမှုများက ဖော်ပြပါတယ်။ မက်ခ်မူဒင်ဟာ ၂၀၁၄ ခုနှစ်က အိုင်အက်စ်အဖွဲ့ကို သစ္စာခံခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

play


၎င်းအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ကို လက်ခံကြောင်း မက်ခ်မူဒင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဒိုဒီဆူရီဒီ အမည်ရှိ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူတစ်ဦးအား ဂျကာတာတိုက်ခိုက်မှုအတွက် ဗုံးများပြုလုပ်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

play
ဂျကာတာတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် အလီးဟမ်ကာ


အခြား ဆက်နွှယ်သူတစ်ဦးဖြစ်သူ အလီဟမ်ကာကို သေနတ်နဲ့ ကျည်ဆန်များ ရရှိရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ