International News: အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားများ သေဆုံးခဲ့ကြောင်း ရုရှားပြော

, updated

ကြက်ခြေနီအဖွဲ့ကလည်း မိုဆူးလ်မြို့ရှိ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခြင်း မပြုကြရန် ထပ်လောင်း ပြောကြားခဲ့ပါတယ်။

play


အီရတ်နိုင်ငံ မိုဆူးလ်မြို့ရှိ လူနေရပ်ကွက် နေရာတွေကို အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆၀ သေဆုံးပြီး အနည်းဆုံး ၂၀၀ ဒဏ်ရာရခဲ့ကြောင်း ရုရှားစစ်ဘက်က ဆိုပါတယ်။

play


အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုက လူနေရပ်ကွက်များ၊ ကျောင်းများနဲ့ အခြား အရပ်သားနေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ရုရှားစစ်ဘက် အကြီးအကဲက အောက်တိုဘာ ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားစစ်ဘက်ရဲ့ အဆိုအရ အောက်တိုဘာ ၂၁ ရက်က အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မိုဆူးလ်မြို့တောင်ပိုင်းရှိ မိန်းကလေးစာသင်ကျောင်းကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

play


အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းကလည်း မိုဆူးလ်မြို့ရှိ အရပ်သားတွေနဲ့ အရပ်သားဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုကြရန် ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မိုဆူးလ်မြို့ကို အိုင်အက်စ်တို့လက်အောက်မှ ပြန်လည် သိမ်းပိုက်နိုင်ရန် အီရတ်အစိုးရတပ်ဖွဲ့နဲ့ မဟာမိတ်များက အောက်တိုဘာ ၁၇ ရက်မှစတင်ပြီး စစ်ဆင်ရေးဆင်နွှဲနေခဲ့တာ ဖြစ်ပါတယ်။
Source & Photo: RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ