International News: သက်ကြီးရွယ်အို ၈ ဦးကို သတ်ဖြတ်မှုဖြင့် ကနေဒါသူနာပြုကို စွဲချက်တင်

သက်ကြီးရွယ်အို ၈ ဦးဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ သူနာပြုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

play


ကနေဒါနိုင်ငံမှာ အသက် ၄၉ နှစ်အရွယ် သူနာပြုတစ်ဦးကို လူသတ်မှု ၈ ခုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် ဝုဒ်စတော့မြို့မှ နေထိုင်သူ အဲလိဇဘက်သ် ထရေစီမေ အမည်ရှိ သူနာပြုကို အင်္ဂါနေ့ (အောက်တိုဘာ ၂၅ ရက်) က တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

play


အသတ်ခံရသူတွေဟာ သူနာပြုအမျိုးသမီး အလုပ်လုပ်ခဲ့တဲ့ ပြုစုစောင့်ရှောက်ရေး ဂေဟာနှစ်ခုမှဖြစ်ပြီး အသက် ၇၅ နှစ်နဲ့ ၉၆ နှစ်ကြားရှိ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ သူနာပြု ထရေစီမေက အဆိုပါ သက်ကြီးရွယ်အိုတွေကို သေစေနိုင်တဲ့ ဆေးဝါးများပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


သူနာပြုအမျိုးသမီး သတ်ဖြတ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေဟာ အွန်တာရီယိုပြည်နယ်ရှိ Caressant Care နဲ့ Meadow Park ပြုစုစောင့်ရှောက်ရေး ဂေဟာတို့မှ ဖြစ်ပါတယ်။ စွဲချက်တင်ခံရတဲ့ ထရေစီမေဟာ သူနာပြုလက်မှတ်ရ တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခွဲခန့်က အလုပ်မှထွက်ခဲ့တယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အို ၈ ဦးဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ သူနာပြုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ယေဘုယျ တွေ့ရှိချက်များကိုသာ ထုတ်ဖော်ပြောကြားခဲ့ပြီး အသေးစိတ်တွေကိုတော့ သက်သေအထောက်အထားများ ထိခိုက်မှာစိုးတာကြောင့် မပြောကြားခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ