International News: သားသမီးလေးဦး ရပြီးမှ အရမ်းလှချင်လာလို့ ခွဲစိပ်ပြုပြင်ခဲ့တဲ့ အမျိုးသမီး

အရင်ကပုံနဲ့ အခုပုံဟာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားပါတယ်။

play

 

စကော့တလန်မှာနေထိုင်တဲ့ သားသမီးလေးဦးရဲ့ မိခင်ဖြစ်သူ အမန်ဒါဟာ ပလတ်စတစ်ဘာဘီ အရုပ်လို လှပတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ချင်တာကြောင့် ပေါင်နှစ်သိန်း အကုန်ခံပြီး ပြုပြင်ခွဲစိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play

 

အမန်ဒါဟာ နောက်ဆုံးပြုပြင်ခွဲစိပ်မှုတွေ မတိုင်ခင် အရင်ကလည်း ရင်သားခွဲစိပ်ပြုပြင်မှု သုံးကြိမ် ပြုလုပ်ဖူးသူဖြစ်ပါတယ်။ ခွဲစိပ်ပြုပြင်မှုတွေ ပြုလုပ်ပြီး ပြည့်စုံတဲ့ ခန္ဓာကိုယ်အလှအပကို ပိုင်ဆိုင်နိုင်ဖို့က သူမရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒဖြစ်တယ်လို့ အမန်ဒါက ဆိုပါတယ်။

play

 

" ဒီဟာ(ရင်သား)တွေ ခပ်မြင့်မြင့်လေးဖြစ်ချင်တာ။ ပြီးတော့ ချောမွေ့တဲ့မျက်နှာနဲ့ နူးညံ့တဲ့အသားအရေကိုလည်း လိုချင်တာလေ" လို့ အမန်ဒါက ဆိုခဲ့ပါတယ်။ သူမ ငယ်စဉ်အခါ ပလတ်စတစ်ဘာဘီရုပ်တွေနဲ့သာ ကစားခဲ့ရတဲ့အတွက် ဒီအရုပ်တွေရဲ့ အလှအပဟာ သူမကို လွှမ်းမိုးနေတာ ဖြစ်နေကြာင်းလည်းမှန်းဆ ပြောကြားခဲ့ပါသေးတယ်။

play

 

သားသမီးလေးဦးရှိပြီး သမီးမိန်းကလေး နှစ်ဦး မွေးထားသည့်တိုင်အောင် မသိသူတွေက အမန်ဒါကို မိခင်လို့ မထင်ဘဲ အမအကြီးဆုံးလို့ ထင်နေကြဆဲပါ။

play

 

အခုတော့ အရင်ကဓာတ်ပုံတွေနဲ့ ယှဉ်ကြည့်ရင် အမန်ဒါဟာ မယုံနိုင်အောင် ပြောင်းလဲသွားတာ တွေ့ရမှာပါ။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ