International News: အာဖဂန်မှာ အရပ်သား ၃၀ ကို အိုက်အက်စ်က ပြန်ပေးဆွဲသတ်ဖြတ်

အာဖဂန်နစ္စတန် Ghor ပြည်နယ်အတွင်း အရပ်သားတွေနဲ့အတူ သိုးအုပ်နှစ်အုပ်ကို စစ်သွေးကြွတွေက ပြန်းပေးဆွဲခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

play
အရပ်သားများ အသတ်ခံရသည့် နေရာမှာ စုရုံးရာက်ရှိနေသည့် အာဖဂန် ကျေးရွာသားများ


အာဖဂန်နစ္စတန်နိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွများက လူ ၃၀ ကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန်နစ္စတန် Ghor ပြည်နယ်အတွင်း အရပ်သားတွေနဲ့အတူ သိုးအုပ်နှစ်အုပ်ကို စစ်သွေးကြွတွေက ပြန်းပေးဆွဲခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

play

အဆိုပါ အရပ်သားတွေဟာ တောင်တန်းဒေသမှာ ထင်းခုတ်စုဆောင်းနေစဉ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ဆောင်မှု ခံခဲ့ရပါတယ်။

ပြန်ပေးဆွဲခံရသူတွေကို ကယ်တင်နိုင်ရန် အာဖဂန်လုံခြုံရေးတပ်ဖွဲ့က စစ်ဆင်မှုအတွင်း အိုင်အက်စ်ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ပြီးနောက် လက်စားချေမှုအဖြစ် စစ်သွေးကြွတွေက ပြန်ပေးဆွဲထားသူ ၃၀ ကို သတ်ဖြတ်ခဲ့ကြောင်း Ghor ပြည်နယ်အုပ်ချုပ်ရေးမှူးက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

play


အသတ်ခံရတဲ့ အရပ်သားများအနက် ကလေးငယ်တွေလည်း ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။ Ghor ပြည်နယ်အတွင်း ခြေကုပ်ယူထားတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေဟာ ဘက်ပြောင်းသွားခဲ့တဲ့ ယခင် တာလီဘန် တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့တို့ဟာ ယမန်နှစ် ဇန်နဝါရီလအတွင်းက တစ်ဖက်နဲ့တစ်ဖက် စစ်ကြေညာထားခဲ့ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ