International News: အိုင်အက်စ်အဖွဲ့နဲ့ ပူးပေါင်းခဲ့သူ ၅၃ ဦး အင်ဒိုနီးရှားမှာ ပြန်ရောက်နေဟုဆို

အင်ဒိုနီးရှားမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ သို့မဟုတ် အကြမ်းဖက်သမားတွေကို အားပေးထောက်ခံသူတွေဟာ အသက် ၁၅ နှစ်နဲ့ ၃၀ ကြား အရွယ်တွေ ဖြစ်ပါတယ်။

play
BNPT အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆူဟာဒီ


အင်ဒိုနီးရှား အနည်းဆုံး ၅၃ ဦးဟာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ထံ ဝင်ရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအတွင်း လူသစ်စုဆောင်းရန် ရှာဖွေနေကြောင်း အမျိုးသား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အေဂျင်စီ (BNPT) က ယနေ့ (အောက်တိုဘာ ၂၆ ရက်) ပြောကြားပါတယ်။

play


လက်ရှိ စာရင်းအချက်အလက်များအရ ဆီးရီးယားနိုင်ငံမှာ အင်ဒိုနီးရှား ၅၀၀ ရောက်ရှိနေခဲ့ပြီး ၇၀ သေဆုံးကာ ၅၃ ဦးမှာ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ BNPT က ဆိုပါတယ်။ သမ္မတဂျိုကိုဝီ အစိုးရရဲ့ နှစ်နှစ်ပြည့် အခမ်းအနားမှာ BNPT အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆူဟာဒီအလီယပ်စ်က ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


ဗိုလ်ချုပ်ကြီးဆူဟာဒီက ယခင် စစ်သွေးကြွဟောင်းတွေရဲ့ သားသမီးတွေကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်းနဲ့ ၎င်းတို့ကို အစွန်းရောက်လုပ်ရပ်တွေ မလုပ်ဆောင်စေရန် ကြိးပမ်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ယခင် စစ်သွေးကြွဟောင်းတွေရဲ့ မျိုးဆက်သစ်တွေက ၎င်းတို့ရဲ့မိဘတွေထက် ပိုမိုအန္တရာယ်ရှိကြောင်းလည်း BNPT အကြီးအကဲက သတိပေးပြောကြားပါတယ်။

play


အင်ဒိုနီးရှားမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ သို့မဟုတ် အကြမ်းဖက်သမားတွေကို အားပေးထောက်ခံသူတွေဟာ အသက် ၁၅ နှစ်နဲ့ ၃၀ ကြား အရွယ်တွေဖြစ်နေပြီး ၎င်းတို့ဟာ အစွန်းရောက် အုပ်စုတွေရဲ့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် သြဇာလွှမ်မိုး စည်းရုံးမှုကို အလွယ်တကူ ခံရနိုင်ကြောင်းလည်း ဗိုလ်ချုပ်ကြီးဆူဟာဒီက သုံးသပ်ခဲ့ပါတယ်။

၎င်းက အင်ဒိုနီးရှား မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို စောင့်ကြည့်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
Souce & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ