International News: အမေရိကန်တပ်တွေကို ဖိလစ်ပိုင်မှ ထွက်ခွာသွားစေလိုကြောင်း ဒူတာတေးပြော

, updated

လာမယ့် ၂ နှစ်အတွင်း ဖိလစ်ပိုင်မှာ နိုင်ငံခြားသားတပ်ဖွဲ့များ မရှိစေလိုတော့ကြောင်း သမ္မတဒူတာတေးက ပြောကြားခဲ့ပါတယ်။

play


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်တပ်တွေကို နိုင်ငံအတွင်းမှ ၂ နှစ်အတွင်း ထွက်ခွာစေလိုကြောင်း ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်စဉ်အတွင်း ဒူတာတေးက ပြောကြားခဲ့တာဖြစ်ပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမယ်လို့လည်း ဆိုပါတယ်။

play


လက်ရှိ သဘောတူညီချက်အရ ဖိလစ်ပိုင်မှာ စစ်အခြေစိုက် စခန်းငါးခုဖြင့် အမေရိကန်တပ်ဖွဲ့များက တပ်စွဲထားကြောင်း သိရပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် အမေရိကန်နဲ့ သီးခြားစီအဖြစ် ရပ်တည်သွားရန် အလေးအနက် ပြောကြားထားခဲ့ပါတယ်။

play


ဒူတာတေးက အမေရိကန်နဲ့ မဟာမိတ်ပြုထားမှုမှ ခွဲထွက်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းသွားရန် ပြင်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။ တိုကျိုမြို့မှာ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ မိန့်ခွန်းပြောကြားရာ လာမယ့် ၂ နှစ်အတွင်း ဖိလစ်ပိုင်မှာ နိုင်ငံခြားသားတပ်ဖွဲ့များ မရှိစေလိုတော့ကြောင်း သမ္မတဒူတာတေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

play


တရုတ်နိုင်ငံနဲ့ ပိုမိုးနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်အတွက် အမေရိကန်နဲ့ လက်ရှိ သဘောတူညီမှုတွေကို ပယ်ဖျက်နိုင်ခြေရှိကြောင်းကိုလည်း ဒူတာတေးက ထပ်မံ ပြောကြားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်က ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ သီးခြားစီ ဖြစ်သွားပြီလို့ ဒူတာတေးက တရားဝင် ကြေညာခဲ့ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ