International News: ဒေါ်နယ်ထရန့်ရဲ့ ဟောလိဝုဒ်လျှောက်လမ်းမှ ကြယ်ပွင့် တုတ်ဖြင့်ထုရိုက် ဖျက်ဆီးခံရ

ထရန့်ကို ရီပတ်ဘလစ်ကင် ကိုယ်စားပြုသမ္မတလောင်းအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း ဟောလိဝုဒ် လျှောက်လမ်းပေါ်ရှိ ၎င်းရဲ့ကြယ်ပွင့်ကို ဖျက်ဆီးရန်ကြိုပမ်းမှုတွေ ရှိနေခဲ့ပါတယ်။

play


ဟောလိဝုဒ်မှာထားရှိတဲ့ အောင်မြင်ကျော်ကြားသူတို့ လျှောက်လမ်းပေါ်ရှိ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရန့် ကိုယ်စားပြုကြယ်ပွင့်ကို တူဖြင့်ထုရိုက် ဖျက်ဆီးသွားခဲ့ကြောင်း သိရပါတယ်။

play


ဟောလိဝုဒ်ရှိ ထရန့်ရဲ့ကြယ်ပွင့်ကို ဆောက်လုပ်ရေး အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၆ ရက်) အစောပိုင်းက တူဖြင့်ထုပြီး ဖျက်ဆီးသွားခဲ့ကြောင်း မျက်မြင်တွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

play


တူဖြင့်ထုရိုက်မှုကြောင့် ကြယ်ပွင့်အပေါ်ဘက်မှာ ရေးထိုးထားတဲ့ ထရန့်ရဲ့နာမည်နဲ့ အောက်ဘက်မှ အမှတ်တံဆိပ်တို့ လုံးဝပျက်စီးသွားခဲ့ပါတယ်။

play


ထရန့်ကို ရီပတ်ဘလစ်ကင် ကိုယ်စားပြုသမ္မတလောင်းအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း ဟောလိဝုဒ် လျှောက်လမ်းပေါ်ရှိ ၎င်းရဲ့ကြယ်ပွင့်ကို ဖျက်ဆီးရန်ကြိုပမ်းမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အသစ်အစားထိုး လဲလှယ်သွားမယ်လို့ ဆိုပါတယ်။
Source & Photo: NY Times, USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ